Saturday, November 24, 2012

တာချီလိတ်မြို့ရှိ အထင်ကရနေရာ(၂)နေရာ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်(၂)ဖွင့်ပွဲပြုလုပ်

0 comments
နိုဝင်ဘာ(၂၄)

၂၀၁၂ခုနှစ် နိုဝင်ဘာ(၂၄)ရက်နေ့ နံနက်(၉)နာရီမှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လူကုန်ကူးမှု တာဆီးကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်(Bill Board)ဖွင့်ပွဲ (၂)ခုကိုပြုလုပ်ခဲ့ကြပါတယ်။
 
 
ခရိုင်လူကုန်ကူးမှု့တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှုး ဦးသောင်းတင်ထွေး နှင့် ဒု-ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ် တို့မှဦးစီး၍ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်(Bill Board)ဖွင့်ပွဲပြုလုပ်ရာ အဆိုပါ ဆိုင်းဘုတ်ဖွင့်ပွဲသို့ လူကုန်ကူးမှု့တားဆီးကာ ကွယ်ရေး အဖွဲ့ဝင်များ နှင့် လူမှု့ရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၄၅)ဦးခန့် တက်ရောက်လာခဲ့ကြ တာ ကို တွေ့ရပါတယ်။

{အမှတ်-၂ တံတားထိပ်}
{တာချီလိတ်-ကျိုင်းတုံသွားလမ်းဆုံ}

လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်ဖွင့်ပွဲပြုလုပ်ရာမှာ နံနက်(၉)နာရီ မှာ မြန်မာထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားထိပ်တွင် ဦးစွာဖွင့်လှစ်ပြီး ဒုတိယတစ်ခုအနေဖြင့် နံနက်(၉း၂၀)နာရီမှာပင် တာချီလိတ်-ကျိုင်းတုံသွားသော လမ်းဆုံရှေ့၌ ဖွင့်လှစ်ခဲ့ကြပါတယ်။

တာချီလိတ်မြို့သည် နယ်စပ်မြို့လေးတစ်မြို့ဖြစ်တာနှင့်အညီ လူမှောင်ခိုကူးမှု့များကို နိမ်နင်း ကာကွယ် တားဆီးနိုင်ရန်နှင့် လူမှောင်ခိုကူးမှု့နဲ့ပတ်သက်ပြီး အသိသတိများရှိစေရန်အတွက် ယခုလို ပညာပေး ဆိုင်းဘုတ်စိုက်ထူတာဖြစ်ကြောင်း သိရှိရပါတယ်။
 
တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here