Friday, November 23, 2012

မြန်မာနိုင်ငံ ကြက်ခြေနီရုံးချုပ်မှ လာရောက်၍ မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးအစီအစဉ်အား တာချီလိတ်မြို့ရှိ ဆန်ဆိုင်းရပ်ကွက်တွင် ပို့ချ

0 comments
နိုဝင်ဘာ(၂၃)

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၊ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာနမှ လာရောက်၍ တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင် မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးအစီအစဉ်ကို  နိုဝင်ဘာ(၂၃)မှ နိုဝင်ဘာ(၂၄)ထိ (၂)ရက် သတ်မှတ်ထားပြီး  နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ ပို့ချလျှက်ရှိပါတယ်။


 မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးအစီစဉ်သို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန၊( ကြက်ခြေနီရုံးချုပ်) စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်မိုးသီတာဝင်း နှင့်အဖွဲ့၊ ဦးစီးမှူး(ကျိုင်းတုံ)ဦးစိုင်းကိုကိုအောင်၊ ဒု-ဦးစီးမှူး (တာချီလိတ်ခရိုင်) ဦးဘမိုးမြင့် နှင့် တာချီလိတ်မြို့ရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပညာပေးအစီအစဉ်များကို ပို့ချကြပြီး ဆန်ဆိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင် နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေကြသည်ကို တွေ့ရှိရပါတယ်။
 

အသိပညာပေးအစီအစဉ်သို့ ဆန်ဆိုင်းရပ်ကွက်အတွင်းမှ လူဦးရေ(၃၀)ကျော် လာရောက်၍ လေ့လာမှတ်သားကြတာကို တွေ့ရှိရပြီး အသိပညာပေးအစီအစဉ် ပို့ချသည့်နေရာမှာ နဂါးနှစ်ကောင်ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ ဆန်ဆိုင်းရပ်ကွက်ရုံးမှာပဲ ပြုလုပ်တာဖြစ်ပါတယ်။

 

မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးအစီအစဉ်၌ မုန်တိုင်းအန္တရာယ်၊ ငလျင်အန္တရာယ်၊ ရေလွှမ်းမိုးမှုအန္တရာယ် နှင့် မီးလောင်မှုအန္တရာယ် စသည့် အကြောင်းအရာများအပြင် ရုတ်တရက်ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များကြုံတွေ့လာပါက အကာအကွယ်ယူခြင်း၊ ကြိုတင်ပြင်ဆင်နိုင်ခြင်း စသည့် မြို့ပြဘေးဒုက္ခလျော့ပါးရေးများ အသိပညာပေးများနှင့် အခြားအကြောင်းအရာများကို သင်ကြားပို့ချမှာဖြစ်ကြောင်း သိရှိရပါတယ်။

 
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဘေးအန္တရာယ်လျော့ပါးရေး ပညာပေးအစီအစဉ်များအနေဖြင့် တာချီလိတ်မြို့၌ ကျေးရွာအခြေပြုဘေးအန္တရာယ်လျော့ပါးရေးသင်တန်းများနှင့် ကျောင်းအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သင်တန်းများကို ပို့ချပေးခဲ့ပြီး ယခုမှာ  မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးအစီအစဉ်အဖြစ် တာချီလိတ်မြို့ရှိ ဆန်ဆိုင်းရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။



ဆန်ဆိုင်းရပ်ကွက်တွင် အသိပညာပေးအစီအစဉ်များ ပို့ချပြီးနောက် မယ်ခေါင်ရပ်ကွက်မှာလည်း အသိပညာပေး အစီအစဉ်များ ဆက်လက်ပို့ချမှာဖြစ်ပြီး တာချီလိတ်မြို့တွင် ထိုရပ်ကွက်နှစ်ခုတာ ပို့ချမှာဖြစ်တယ်လို့ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here