Friday, November 23, 2012

မောက်မယ်မြို့နယ်အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးခံရ

0 comments
နိုဝင်ဘာ(၂၃)



ရှမ်းပြည်နယ်၊ မောက်မယ်မြို့အတွင်းရှိ ဘိန်းစိုက်ခင်းများအား နိုဝင်ဘာလ(၁၅)ရက်နေ့မှ(၂၂)ရက်နေ့အထိ ဟိုနမ့်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ PNO ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ၀န်ထမ်းများ၊ သစ်တောဌာန၊ မြေစာရင်းဦးစီးဌာနနဲ့ စိုက်ပျိုးရေးရုံးတို့မှ အဖွဲ့များပါဝင်သည့် ပူးပေါင်း ဘိန်းဖျက် ဆီးရေးအဖွဲ့မှ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ပူးပေါင်းအဖွဲ့မှ နိုဝင်ဘာလ(၁၅)ရက်နေ့မှစပြီး ဟိုနမ့်ရွာအုပ်စုအတွင်းရှိ ဥယာစန်းကျေးရွာအနီးမှာ အမြင့် ၂ ပေ ခန့်ရှိ ခြစ်ယူဆဲ ဘိန်းခင်း(၄၇)ဧကခန့်၊ ပန်တန်းကျေးရွာအုပ်စုရှိ ပန်တခွားရွာအနီးမှာ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း (၂၀)ဧကခန့် ၊ ဟိုနမ့်ကျေးရွာအုပ်စုအတွင်းရှိ ပျဉ်သာယာကျေးရွာအနီးမှာ အမြင့် ၂ ပေခန့် ရှိတဲ့ ခြစ်ယူဆဲဘိန်းစိုက်ခင်း(၂၇)ဧကခန့်၊ ဟိုနမ့်ကျေးရွာအတွင်းရှိ ထီတခေါရွာအနီးတွင် ခြစ်ယူဆဲ ဘိန်း စိုက် ခင်း (၃၈)ဧကခန့်၊ ပန်းတန်းကျေးရွာအတွင်းရှိ ဖာစန်းရွာအနီးမှာ သီးပွင့်ဆဲ ဘိန်းခင်း(၂၃)ဧက၊ တို့ကို ၂၂ ရက်နေ့အထိ ဖျက်ဆီး နိုင်ခဲ့ပြီး စုစုပေါင်း ဘိန်းစိုက်ခင်း(၁၅၀)ဧကကျော်ကို ဖျက်ဆီး ရှင်းလင်းနိုင် ခဲ့ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ယခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေ၊ ဘိန်းခင်းဖျက်ဆီးမှုတွေ၊ ဘိန်းစိုက် ပျိုးမှု ပပျောက်ရေးစီမံချက်တွေ တိုးတက်များပြားလာတာကို တွေ့မြင်ရပါတယ်။ တာဝန်ရှိသူတွေမှ စီမံချက်များချမှတ် ရေးဆွဲနေသလို ရှမ်းပြည်သူလူထုနှင့် တာဝန်ကျဝန်ထမ်းများမှလည်း တားတက်သရော လိုက်ပါဆောင်ရွက်နေ ကြကြောင်း သိရပါတယ်။ နိုဝင်ဘာလ(၂၂)ရက်နေ့မှာလည်း ကလောမြို့နယ် အတွင်းမှာ ပူးပေါင်းအဖွဲ့တွေက အမြင့် ၁ ပေခွဲခန့်ရှိ ဖူးပွင့်ဆဲ ဘိန်းခင်း(၅)ဧကနဲ့ ဖယ်ခုံမြို့နယ် အတွင်း မှာလည်း ဘိန်းဖျက်ဆီးရေးအဖွဲ့များမှ နိုဝင်ဘာလ(၂၂)ရက်နေ့တွင် ဖူးပွင့်ဆဲ အမြင့် ၂ ပေခန့်ရှိ ဘိန်းခင်း(၅၇)ဧကကျော်တို့ကို ဖျက်ဆီးခဲ့ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here