Thursday, November 29, 2012

လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည် လာပြီ

0 comments
နိုဝင်ဘာ(၂၉)


လက်ပံတောင်းတောင်အရေး  ဒေသခံများနှင့် ပြောဆိုဆွေးနွေးကာ ဟောပြောမည့်ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ ဦးတည်ကာ မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှ ထွက်ခွာလာရာ နံနက် ၁၁ နာရီတွင် ညောင်ပင်ဝင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

နောက် တနာရီအကြာတွင် မုံရွာမြို့သို့ ဆိုက်ရောက်လာဖွယ်ရှိပြီး မွန်းလွဲ ၁ နာရီတွင်လက်ပံတောင်း ဒေသခံများ နှင့် တွေ့ ဆုံကာ ဟောပြောပွဲတရပ် ကျင်းပရန် စီစဉ်ထားသည်။

မအေးနက် အပါအဝင် သပိတ်မှောက် ခေါင်းဆောင်များကလည်း စီမံကိန်း ရပ်စဲရေး ကြိုးပမ်းမှုတွင် ဒေါ်အောင်ဆန်း စုကြည် ဝင်ရောက်ကူညီရန် တင်ပြကြမည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ရောက်မလာမီ နံနက်မလင်းမီ ၃ နာရီခန့်က ဝမ်ပေါင်ကုမ္ပဏီရှေ့ရှိ ပင်မ သပိတ်စခန်းကို လုံခြုံရေးရဲများက အကြမ်းဖက်ဖြိုခွင်းလိုက်၍ သံဃာ အပါး ၈ဝ နှင့် လူ ငါးဦး ဒဏ်ရာရရှိသွားကြရသည်။

ထိုအဖြစ်အပျက်ကို ဒေါ်အောင်ဆန်းစုကြည်အား တင်ပြရန် သပိတ်အင်အားစုများက စီစဉ်ထားကြသည်။

သောကြာနေ့တွင်လည်း မုံရွာမြို့၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း သိရှိရသည်။

 (မဇ္ဈိမ)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here