Friday, November 23, 2012

ကျိုင်းတုံမြို့တွင် လက်နက်ခဲယမ်းများဖမ်းဆီးရမိ

0 comments
နိုဝင်ဘာ(၂၃)


ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများအား စစ်ဆေးနေပုံ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ မြို့အ၀င်စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ(၂၂)ရက်နေ့ ညနေပိုင်းက တရားမ၀င် သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများအား တာဝန်ရှိသူများမှ ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

 နိုဝင်ဘာလ(၂၂)ရက်နေ့ ညနေ(၃)နာရီအချိန်လောက်က ကျိုင်းတုံမြို့အ၀င် နောင်နွန်းပူးပေါင်း စစ်ဆေးရေး ဂိတ် မှာ ရဲ၊ စရဖ၊ မူးယစ်ရဲ၊ စသုံးလုံး၊ သစ်တောနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ဖမ်းဆီးခဲ့တာပါ။ တရားခံက တော့ မနန်းလင်း၊ ကွန်ဟိန်းမြို့နေသူဖြစ်ပြီး ယာဉ်မောင်း စိုင်းထွန်း၊ ကွန်ဟိန်း မြို့မောင်းနှင်လာတဲ့ Light Truck (အနီရောင်)ကားပေါ်မှာ ရှာတွေ့ခဲ့ခြင်းဖြစ်ပါတယ်။

 လက်နက်ခဲယမ်းများတင်ဆောင်လာသည့်ကားပုံ

ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေကတော့ ၀မ်ချက်စတာအမျိုးအစား သေနတ်(၆)လက်၊ လူဂါအမျိုး အစား  ၉- မမ ပစ္စတို(၄)လက်၊ ၄၀- မမ ဗုံးပစ်လောင်ချာ(၂)လက်၊ Sniper ပြောင်းရှည်(၆)လက်၊ အသံတိတ်ကိရိယာ(၂)ခု၊ ကျည်ဆံမျိုးစုံ(၂၀၀၀)ကျော်တို့ပဲဖြစ်ပါတယ်။ ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်းကို တစ်ဘက်နိုင်ငံများမှ တရားမ၀င်လက်နက်တင်သွင်းမှုတွေ မကြာခဏရှိနေခဲ့ပြီး ပြီးခဲ့တဲ့နိုဝင်ဘာလ (၁၇)ရက်နေ့ ကလည်း မိုင်းဆတ်မြို့အ၀င်မှာ လက်နက်နဲ့ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

ယခုဖမ်းဆီးထားတဲ့ မနန်းလင်းကတော့ အသိတစ်ယောက်မှ သယ်ပေးဖို့အကူအညီတောင်းတဲ့အတွက် သယ် ပေးခြင်းဖြစ်ကြောင်းနဲ့ အထဲတွင် ဘာပစ္စည်းအမျိုးအစားပါရှိသည်ကို မသိရှိကြောင်း ထွက်ဆို ထားတယ်လို့ ကျိုင်းတုံရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသွားပါတယ်။ အဖြစ်မှန်ကို ဖော်ထုတ်နိုင် ဖို့အတွက် ကျိုင်းတုံရဲ စခန်းမှ အမှုဖွင့်ဆောင်ရွက်နေပြီး ကျွန်တော်တို့ပြည်သူများအားလုံးမှလည်း ပူးပေါင်း ကူညီဆောင်ရွက်သင့် ကြောင်း ဖော်ပြလိုက်ရပါတယ်။













Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here