Friday, November 30, 2012

တာချီလိတ်အွန်လိုင်းစာမျက်နှာ လွှင့်တင်ခြင်း (၃) နှစ်ပြည့် အမှတ်တရ

0 comments
နိုဝင်ဘာ(၃၀)

၂၀၁၂ခုနှစ် နိုဝင်ဘာ(၂၅)ရက်နေ့မှာ တာချီလိတ်အွန်လိုင်းစာမျက်နှာကို လွှင့်တင်ခဲ့သည်မှာ (၃)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ (၃)နှစ်ပြည့် အမှတ်တရ အနေဖြင့် တာချီလိတ်အွန်လိုင်းရဲ့ ပရိသတ်များရဲ့ အကြံပြုချက်များကို ကြားသိလိုတာကြောင့် မှတ်ချက်တွေကို ပေးနိုင်ရန် Tachileik Facebook မှာ နိုဝင်ဘာ(၂၅)ရက်နေ့က အမှတ်တရပုံတင်ပြီး အကြံပြုဝေဖန်မှုများကို လက်ခံခဲ့ပါတယ်။
{ Facebook ပေါ်မှ မှတ်ချက်များအပြည့်အစုံကို ဖတ်ရန် --> Tachileik Facebook }



အကြံပြုလွှာများကို ကောက်နှုတ်မဖော်ပြမှီ ဦးစွာ ကျွန်တော့်အနေဖြင့် ပြောကြားလိုသည်မှာ တာချီလိတ်အွန်လိုင်းဖြစ်တည်လာပုံလေးပါ။ tachilik.net အမည်ရှိတဲ့ Domain name ကို ၂၀၀၉ခုနှစ် နိုဝင်ဘာ(၂၅)ရက်နေ့က စတင်ဝယ်ယူထားပြီး စာများကိုတော့ နိုဝင်ဘာ(၃၀)ရက်နေ့မှာ ရေးခဲ့ပါတယ်။

tachileik.net အနေဖြင့် ပြုလုပ်ရခြင်းမှာ အထူးရည်ရွယ်ချက်ကတော့ တာချီလိတ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ အကြောင်းအရာတွေ၊ တည်နေရာလေးတွေ၊ သမိုင်းကြောင်းရာလေးတွေ နဲ့ တိုင်းရင်းသားလူမျိုးများအကြောင်း စတာတွေကို တာချီလိတ်ပုံရိပ်များအဖြစ် အားရင်အားသလို ဖော်ပြပေးသွားမည့် ရည်ရွယ်ချက်မျိုးပါ။ သို့သော်လည်း ၂၀၁၂ခုနှစ်ထဲမှာ မထင်မှတ်ပဲ သတင်းအဖြစ် ကူးပြောင်းဖြစ်ခဲ့ပါတယ်။ ၂၀၀၉ခုနှစ်က လွှင့်တင်ခဲ့သည်ဆိုသော်လည်း ပိုစ့်များ Update မဖြစ်ခဲ့သည်မှာ ခရီးထွက်နေကတစ်ကြောင်း အချိန်မအားမလပ်သည်က တစ်ကြောင်းကြောင့် စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၂မှ ပြန်လည်၍ tachileik.net ဟာ အသက်ဝင်လာသလို ဖြစ်စေခဲ့ပါတယ်။

တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာများအနေဖြင့် သတင်းနှင့်ပတ်သက်၍
ယခု ခေတ်ကာလသည် သတင်းနှင့်ပတ်သက်၍ ဖုံးကွယ်ထား၍ မရပါ။ သတင်းတစ်ခုဖြစ်ပေါ်ရာ၌ မိမိတို့ဘက်က ပြည်သူများကို သတင်းမပြန်ထုတ်ပါက ပြည်သူများအနေဖြင့် ၎င်းတို့ကြားသမျှ ကောလဟလသတင်းများအပေါ်ကိုသာ အတည်ပြုမှတ်ကြတာများကြပြီး တဆင့် တဆင့်ဖြင့် ပြန့်လွယ်စေပါတယ်။ ထိုအခါမှာ သတင်းမှန်နေရင် ကိစ္စ မရှိပဲ မှားနေပါက ဌာနဆိုင်ရာလူကြီးမင်းများ အနေဖြင့် နာမည်ပျက်စေပါတယ်။ မူးယစ်ဖမ်းဆီးသတင်းများ မှုခင်းသတင်းများစသည့် သတင်းများကို ပြည်သူလူထုအကြား မပြန်ကြားပဲ အထက်သို့တင်ရုံဆိုပါက အထက်လူကြီးသာ သိကြမှာဖြစ်ပြီး ပြည်သူများအဖို့ သိဖို့ရာမလွယ်ကူပါ။ ထို့အတူ ပြည်သူများကလည်း လူကြီးမင်းတို့၏ လုပ်ဆောင်ချက်များကို မသိကြတော့ပဲ ယခင်က အတိုင်း အဆိုးမြင်ဝါဒများ ဆက်လက်ရှိနေမှာ မလွဲပါ။ ပြည်ထဲရေ၀န်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတစ်ခုမှ ပြောကြားချက်တစ်ခုမှာ " သတင်းနဲ့ ပတ်သက်လာလျှင် ပြည်သူတွေကို အရင်ချပြဖို့လိုကြောင်း"ကို ဖတ်ရှုခဲ့ဖူးပါတယ်။ ထို့ကြောင့် သတင်းကို ပြည်သူများသိစေရန်အတွက် tachileik.net သို့ ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ။

-===============-


(၃)နှစ်ပြည့်အမှတ်တရအဖြစ် စာဖတ်ပရိသတ်များ၏ အကြံပြုချက်များကို ကောက်နှုတ်ဖော်ပြပါရစေ....
( အကြံပြုချက်များထဲမှာ ရွေးချယ်၍ မူရင်းအတိုင်း ပြန်လည်တင်ပြလိုက်ပါသည်)

ဦးစွာအနေဖြင့် သူငယ်ချင်း ကိုနေ၀န်းရဲ့ တာချီလိတ်အွန်လိုင်းစာမျက်နှာ အတွက် အမှတ်တရ ကဗျာလေးကို ဖော်ပြလိုက်ပါရစေ

........တာချီလိတ် အွန်လိုင်း စာမျက် နှာ.....
တာ..... ဝန်ကျေတယ် သယ်ရင်း....
ချီ ......တက်ခဲ့ တဲ့ သုံး နှစ် ခရီး
လိတ် .....တက်စ် တွေ နဲ့ update ဖြစ်ရဲ့....
အွန် .......လိုင်းက တာချီလိတ် မှတ်တိုင်
လိုင်း ......များစွာထဲ က နှစ်သက်ရသော
စာ .....မျက်နှာ တစ်ခု.....
မျက် .....လုံးတွေ ပွင့်စေသူ
နှာ ....တစ် ဖျား အသာနဲ့
သုံး..... နှစ်တာ ကြိုးပမ်းမှု......
နှစ်.....သက် အာပေးမှုတွေနဲ့
ပြည့် .....ဝ သော အားမာန်ရခဲ့သူ.......
 ....သစ် အသစ် တွေ
မှတ် .....တမ်းတင်
 .....ခုတ် တရ ဖတ်ကြည့်ရသော
 ......နံ့သစ် တွေ သယ်ဆောင်လာသူ....
**************
ကဗျာလေးအတွက် ကျေးဇူးအထူးပါ ကိုနေ၀န်း။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here