Saturday, December 1, 2012

တာချီလိတ်မြို့ရဲ့ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲ

0 comments
ဒီဇင်ဘာ(၁)

၂၀၁၂ခုနှစ်ရဲ့ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲရဲ့ ပထမနေ့အဖြစ်  ဒီဇင်ဘာ(၁)ရက်နေ့ နံနက်(၄း၃၀)မှာ လူစုကြပြီး (၅)နာရီမှာ ပြည်သူ့ဆေးရုံရှေ့ကနေပြီး မြို့မအားကစားကွင်းသို့ ဆက်လက်လမ်းလျှောက်ခဲ့ကြပါတယ်။



တာချီလိတ်မြို့အတွင်းရှိ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြည်သူလူထုများ အစုံအလင်ဖြင့် လမ်းလျှောက်ကြရာ မြို့မအားကစားကွင်းမှာ သွေးပူလေ့ကျင့်ခန်းများပြုလုပ်ပြီး အလှည့်ကျ ရပ်ကွက်မှ လမ်းလျှောက်လာသူများကို ကောက်ညှင်းပေါင်းများ ပေးဝေကြွေးမွေးကြပါတယ်။

ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲအစီအစဉ်မှာ အပတ်စဉ်စနေနေ့နံနက်တိုင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်း လမ်းလျှောက်ကြမည့်အကြိမ်မှာ (၅)ကြိမ်ဖြစ်ကြောင်း သိရပါတယ်။



ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲအစီအစဉ်အနေဖြင့် လမ်းလျှောက်ကြမည့် နေ့ရက်များမှာ 
  • ၁.၁၂.၂၀၁၂ ( စနေနေ့ )
  • ၈.၁၂.၂၀၁၂ ( စနေနေ့ )
  • ၁၅.၁၂.၂၀၁၂ ( စနေနေ့ )
  • ၂၂.၁၂.၂၀၁၂ ( စနေနေ့ )
  • ၂၉.၁၂.၂၀၁၂ ( စနေနေ့ )
စသည့် ရက်များဖြစ်ကြပါတယ်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here