Monday, November 19, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်

0 comments
နိုဝင်ဘာ(၁၉)



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ (၁၈)ရက် မွန်းလွဲ (၂)နာရီ (၄၅)မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ  ဖနောင်ပင်မြို့ရှိ Peace   Palace တတိယထပ် Champei  Room  ၌ ကျင်းပသည့် အာဆီယံခေါင်းဆောင်များ၏ သီးသန့် အစည်းအဝေးသို့ တက်ရောက်သည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဘရူနိုင်းဒါရုဆလမ် နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာလ် ဘိုကီးယားမူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတဒေါက်တာဆူစီလိုဘန်ဘန်း ယူဒိုရိုနို၊ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာသွန်ဆင်းသမာဗောင်၊ မလေးရှား နိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီမိုဟာမက်နာဂျစ်ဘင်ထွန်း ဟာဂျီအဗ္ဗဒူရာဇတ်၊ ဖိလစ်ပိုင်သမ္မတ နိုင်ငံ သမ္မတမစ္စတာဘီနင်နိုအကွီနို၊ စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်း၊ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်၊ အာဆီယံ နိုင်ငံများမှ  အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံ အကြီးအကဲ၊ အစိုးရ အဖွဲ့အကြီးအကဲများသည် နိုင်ငံတကာနှင့်ဒေသဆိုင်ရာကိစ္စ ရပ်များ ဖြစ်သော တောင်တရုတ် ပင်လယ်ကိစ္စ ၊ ကိုရီးယားကျွန်းဆွယ် အဏုမြူ လက်နက်ဖျက်သိမ်းရေး၊ အာဆီယံနိုင်ငံ များ၏ စီးပွားရေး ရှင်သန်မှုအတွက် ကြိုးပမ်းအားထုတ်မှုပြုရေး။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ရာသီဥတု ပြောင်းလဲမှု နှင့်ရခိုင်ပြည်နယ် အတွင်းပဋိပက္ခဖြစ်ပွားမှုနှင့် ထောင်စုနှစ် ရည်မှန်းချက် စသည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


 From. သမ္မတရုံး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here