Monday, November 19, 2012

ရွှေတိဂုံ စေတီတော်တွင် ပြည်တွင်း ဘုရားဖူးများ အင်တာနက် အခမဲ့ သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိ

0 comments
နိုဝင်ဘာ(၁၉)


လာမယ့် ၂၀၁၃ ခုနှစ် ဆန်းပိုင်းမှာ ရွှေတိဂုံ စေတီတော်မှာ ပြည်တွင်းမှ ဘုရားဖူး များကို အင်တာနက် အခမဲ့ သုံးစွဲနိုင်ဖို့ အတွက် စီစဉ် ဆောင်ရွက်လျက်ရှိတယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ မှာ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခု လက်ရှိ မှာတော့ ၀ိုင်ဖိုင် စနစ်ကို သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ပြီး နိုင်ငံခြား ခရီးသွား ဘုရားဖူး များကို အသုံးပြုခွင့် ပေးထားတာ ဖြစ်ပါတယ်။

အဆိုပါ ပြည်ပ ဘုရားဖူး ဧည့်သည်များကို ၀ိုင်ဖိုင် အသုံးပြုခွင့်ကို မိနစ် ၃၀ သာ အသုံးပြုခွင့် ပေးထား တာ ဖြစ်ပြီး ကွန်ပျူတာ ၃ လုံးကိုလည်း အလှူရှင်များက လှူဒါန်း ပေးထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များ အနေနဲ့ ကွန်ပျူတာ ပစ္စည်းများ မပါရှိခြင်းနဲ့ အင်တာနက် ကော်နက်ရှင် ကျခြင်း တို့ကြောင့် ၀ိုင်ဖိုင် အခမဲ့သုံးစွဲ ခွင့်ပြုထား ပေမယ့် အသုံးပြုသူ ကတော့ နည်းပါးလျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ၀ိုင်ဖိုင်ကို အသုံးပြုလို သူများ အနေနဲ့ ရွှေတိဂုံ စေတီတော်မှာ ဧည့်ဝင်ကြေးပေး ဆောင်ကတည်းက အင်တာနက် အသုံးပြုနိုင်မယ့် Passward ကိုပါ တစ်ခါတည်း ထုတ်ပေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ပိုင်း မှာလည်း ပြည်ပ ဘုရားဖူး ခရီးသွားများကို အင်တာနက် အသုံး ပြုမှု အချိန်ပိုမို သုံးစွဲနိုင် ဖို့ အတွက် အစီအစဉ် ရှိတာလည်း ဖြစ်ပါတယ်။ အဆိုပါ အင်တာနက် အသုံးပြုမှုကို လက်ရှိမှာ နိုင်ငံခြား သား များ အနေနဲ့ ရွှေတိဂုံ စေတီတော် ရင်ပြင်တော် ပေါ်မှာ ဘယ်နေရာမှာ မဆို အသုံးပြု နိုင် မှာ ဖြစ်တယ် လို့ သိရပါတယ်။


mrtv4

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here