Tuesday, November 27, 2012

အာရာဖတ်၏ ရုပ်အလောင်းအား ပြန်လည်တူးဖော်စစ်ဆေးရန် စီစဉ်

0 comments
နိုဝင်ဘာ(၂၇)

ဆွစ်ဇာလန်၊ ပြင်သစ်နှင့် ရုရှားနိုင်ငံမှ မှုခင်းဆေးပညာ ကျွမ်းကျင် ပညာရှင်များသည် အာရာဖတ် သေဆုံးမှုကို စစ်ဆေးရန်အတွက် လိုအပ်သော နမူနာအချို့ ရယူရန် အလောင်းကို ပြန်ဖော်သွားမည်ဟု ဆိုသည်။ 
 
 ပါလက်စတိုင်း ခေါင်းဆောင်ဟောင်း ယာဆာ အာရာဖတ်၏ ကြွင်းကျန် ရုပ်အလောင်းကို အင်္ဂါနေ့တွင် တူးဖော်ရန် စီစဉ်နေကြောင်း သိရှိရသည်။ ဆွစ်ဇာလန်၊ ပြင်သစ်နှင့် ရုရှားနိုင်ငံမှ မှုခင်းဆေးပညာ ကျွမ်းကျင် ပညာရှင်များသည် အာရာဖတ် သေဆုံးမှုကို စစ်ဆေးရန်အတွက် လိုအပ်သော နမူနာအချို့ ရယူရန် အလောင်းကို ပြန်ဖော်သွားမည်ဟု ဆိုသည်။ 
 
အာရာဖတ်သည် (၂၀၀၄)ခုနှစ်က ပြင်သစ်ရှိ စစ်ဆေးရုံ တစ်ခုတွင် သေဆုံးခဲ့သည်။ ထိုစဉ်က အာရာဖတ် သေဆုံးမှုသည် အဆိပ်ခတ် ခံရခြင်းဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ ပြင်သစ် အစိုးရသည် လူသတ်မှုဆိုင်ရာ စုံစမ်းမှု တစ်ခုကို ဩဂုတ်လက စတင်လာခဲ့ခြင်း ဖြစ်သည်။
 
 ဆွစ်ဇာလန် နိုင်ငံမှ ပညာရှင်များသည် အာရာဖတ်၏ ပုဂ္ဂိုလ်ရေး အသုံးအဆောင် အချို့တွင် ရေဒီယို သတ္တိကြွသည့် Polonium-210ကို တွေ့ရှိခဲ့သည့်နောက် ယင်းကိစ္စကို ပြန်လည် စစ်ဆေးရန် ပြင်သစ်က ဆုံးဖြတ်ခဲ့သည်။ အာရာဖတ်၏ ဆေးမှတ်တမ်းက ၎င်းသည် သွေးလည်ပတ်မှု အစီအစဉ်မကျ ဖြစ်လာရာမှ လေဖြတ်သွားခဲ့ကြောင်း ဖော်ပြလျှက်ရှိသည်။ အာရာဖတ်၏ ကျန်ရစ်သူဇနီး ဆူဟာက ထိုစဉ်ကတည်းက အမှန်တရားကို ဖော်ထုတ်ပေးပါရန် ပါလက်စတိုင်း အာဏာပိုင်များအား တောင်းဆိုခဲ့ဖူးသည်။

ယခုအခါ အာရာဖတ်၏ သေဆုံးမှုကို စစ်ဆေးနေသည့် ပါလက်စတိုင်း ကော်မတီ ခေါင်းဆောင်ဖြစ်သူ တော်ဖစ်ခ်အယ်လ် တီရာဝီက မိမိတို့သည် အာရာဖတ်၏ သင်္ချိုင်းမြေ ပြန်လည် တူးဖော်မှုကို မည်သည့် ဂျာနယ်လစ်ကိုမျှ ဝင်ရောက်ခွင့် မပေးဟု အတည်ပြုခဲ့သည်။ "ဒီကိစ္စမျိုးဟာ မီဒီယာရှေ့မှာ ချပြစရာ မလိုဘူးလို့ ထင်ပါတယ်"ဟု ယခင် ပါလက်စတိုင်း ထောက်လှမ်းရေးဌာန အကြီးအကဲ ဖြစ်ခဲ့သူ တီရာဝီက ဆိုသည်။ သိပ္ပံပညာရှင်များသည် ရုပ်ကြွင်းကို ပြန်ဖော်ပြီးနောက် အလောင်းမှ အစိတ်အပိုင်း အနည်းငယ်ကို နမူနာအဖြစ် ရယူကာ Polonium-210 ဓာတ်ရောင်ခြည် သင့်မှုကြောင့် သေဆုံးမှုအတွက် သက်ရောက်ခဲ့ခြင်း ရှိမရှိကို လေ့လာ ဆန်းစစ်သွားမည်ဟု သိရှိရသည်။ 

ကိုးဒီသွေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here