Saturday, December 1, 2012

သိန်း(၅၀၀)ကျော်ဆုံးရှုံးခဲ့သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ

0 comments
ဒီဇင်ဘာ(၁)
 
Photo: သိန်း(၅၀၀)ကျော်ဆုံးရှုံးခဲ့သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ Friday, November 30, 2012   တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပသည့် (၈)ရက်တာ ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရုံးခဲ့သော မီးပုံးပျံတန်ဖိုးမှာ ကျပ်သိန်း (၅၀၀)ကျော်ရှိကြောင်း မီးပုံးပျံ ကျင်းပရေးကော်မတီဝင်များထံမှ သိရသည်။  အဆိုပါ ပြိုင်ပွဲတွင် ညဘက်လွှတ်တင်ခဲ့သော မီးပုံးပျံ အလုံးရေ (၁၀၄)လုံးရှိပြီး ၄င်းတို့ထဲမှ အလုံးရေ (၂၀) မီးလောင်ပျက်စီး ခဲ့ခြင်းဖြစ်သည်။   “ဒီနှစ်ကမီးပုံးတွေကလည်း တော်တော်များတယ်၊မီးလောင်ဆုံးရှုံးတာ ကလည်း များတယ်၊ မီးပုံးတွေ မီးလောင်သွားတော့ကြ လွှတ်တဲ့သူတွေ အတွက်ကတော့ ပျော်ရွှင်မှု မရကြဘူး”ဟု  မီးပုံးပျံအမှတ်ပေး ဒိုင်လူကြီး ဦးစိုးသိန်းက ပြောသည်။  ညဘက်များတွင် ညမီးကျည်းမီးပုံး (၈၆)လုံးနှင့် စိန်နပန်းမီးပုံး (၃၆)တို့ လွှတ်ခဲ့ရာ ညမီးကျည်းမီးပုံး (၁၉)လုံးနှင့် စိန်နပန်းမီးပုံး (၁)လုံးတို့မှ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါ မီးပုံးတန်ဖိုးမှာ တစ်လုံး လျှင် ကျပ် (၂၅)သိန်းမှ ကျပ် သိန်း (၄၀)၀န်းကျင်အထိ ကုန်ကျမှုရှိကြောင်း သိရှိရသည်။   မီးလောင်ပျက်စီးခဲ့သော မီးပုံးများမှာ ရာသီဥတုမကောင်းခြင်း၊ အောက်ဆွဲ ယမ်းသည် သတ်မှတ်အလေးချိန် ပိသာာချိန်(၄၀)ထက် ပိုမိုထည်သွင်းခြင်း၊  ရေနံချည်းများ မကောင်းခြင်း၊ မီးဆရာ၏ ခွင့်ပြုမိန့်မရသေးပဲ ဆန္ဒစော လွှတ်တင်ခြင်းများကြောင့် ဖြစ်ကြောင်း ဒိုင်လူကြီးများက သုံးသပ်ပြောဆို သည်။   “ဒီနှစ်တန်ဆောင်တိုင်မှာက လူငယ်လေးတွေ ပြုလုပ်တဲ့မီးပုံးတွေက သိပ်ပြီးအဆင့်မမီသေးပါဘူး၊ တကယ်တမ်းအဆင့်မီတဲ့ မီးပုံးတွေက အလုံး(၃၀)လောက်ပဲပါ ပါတယ်”ဟု အမှတ်ပေးဒိုင်လူကြီး ဦးကျော်မြင့်က အတည်ပြုပြောသည်။  ယခုနှစ် တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ညမီးကျည်းမီးပုံးတွင် တိမ်ဝင်မီးပုံးမှာ ပထမဆု၊ ဂုရုမီးပုံးမှာ ဒုတိယ၊ ပအို့စာပေနှင့် ယဉ်ကျေးမှုမှ လွှတ်တင်သော မီးပုံးမှာ တတိယဆုရရှိခဲ့ကြပြီး စိန်နပန်း မီးပုံးများတွင်  မြောက်ပိုင်းမီးပုံးမှာ ပထမဆု၊ ရွှေဓနုမီးပုံးမှာ ဒုတိယ၊ လင်းယုန်မီးပုံးမှာ တတိယဆုအသီးသီးရရှိခဲ့သည်။   ပထမဆုအား ကျပ်သိန်း(၄၀)၊ ဒုတိယဆုအား ကျပ်သိန်း(၃၀)၊ တတိယဆု အား ကျပ်သိန်း (၂၅)နှင့် နှစ်သိမ့်ဆုမှာ ကျပ်(၅)သိန်းဖြစ်သည်။  Myit Makha Mediagroup
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပသည့် (၈)ရက်တာကာလအတွင်း အကြောင်းအမျိုး မျိုးကြောင့် ပျက်စီးဆုံးရုံးခဲ့သော မီးပုံးပျံတန်ဖိုးမှာ ကျပ်သိန်း (၅၀၀)ကျော် ရှိကြောင်း မီးပုံးပျံ ကျင်းပရေးကော် မတီဝင်များထံမှ သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ညဘက်လွှတ်တင်ခဲ့သော မီးပုံးပျံ အလုံးရေ (၁၀၄)လုံးရှိပြီး ၄င်းတို့ထဲမှ အလုံးရေ (၂၀) မီးလောင်ပျက်စီး ခဲ့ခြင်းဖြစ်သည်။ 

“ဒီနှစ်ကမီးပုံးတွေကလည်း တော်တော်များတယ်၊မီးလောင်ဆုံးရှုံးတာကလည်း များတယ်၊ မီးပုံးတွေ မီးလောင် သွားတော့ကြ လွှတ်တဲ့သူတွေအတွက်ကတော့ ပျော်ရွှင်မှုမရကြဘူး”ဟု မီးပုံးပျံအမှတ်ပေး ဒိုင်လူကြီး ဦးစိုးသိန်းက ပြောသည်။

ညဘက်များတွင် ညမီးကျည်းမီးပုံး (၈၆)လုံးနှင့် စိန်နပန်းမီးပုံး (၃၆)တို့လွှတ်ခဲ့ရာ ညမီးကျည်းမီးပုံး (၁၉)လုံးနှင့် စိန်နပန်းမီးပုံး (၁)လုံးတို့မှ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါ မီးပုံးတန်ဖိုးမှာ တစ်လုံး လျှင် ကျပ် (၂၅)သိန်းမှ ကျပ် သိန်း (၄၀)၀န်းကျင်အထိ ကုန်ကျမှုရှိကြောင်း သိရှိရသည်။ 

မီးလောင်ပျက်စီးခဲ့သော မီးပုံးများမှာ ရာသီဥတုမကောင်းခြင်း၊ အောက်ဆွဲယမ်းသည် သတ်မှတ်အလေးချိန် ပိသာာချိန်(၄၀)ထက် ပိုမိုထည်သွင်းခြင်း၊ရေနံချည်းများ မကောင်းခြင်း၊ မီးဆရာ၏ ခွင့်ပြုမိန့်မရသေးပဲ ဆန္ဒစောလွှတ်တင်ခြင်းများကြောင့် ဖြစ်ကြောင်း ဒိုင်လူကြီးများက သုံးသပ်ပြောဆိုသည်။ 

“ဒီနှစ်တန်ဆောင်တိုင်မှာက လူငယ်လေးတွေ ပြုလုပ်တဲ့မီးပုံးတွေက သိပ်ပြီးအဆင့်မမီသေးပါဘူး၊ တကယ်တမ်းအဆင့်မီတဲ့ မီးပုံးတွေက အလုံး(၃၀)လောက်ပဲပါ ပါတယ်”ဟု အမှတ်ပေးဒိုင်လူကြီး ဦးကျော်မြင့်က အတည်ပြုပြောသည်။

ယခုနှစ် တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ညမီးကျည်းမီးပုံးတွင် တိမ်ဝင်မီးပုံးမှာ ပထမဆု၊ ဂုရုမီးပုံးမှာ ဒုတိယ၊ ပအို့စာပေနှင့် ယဉ်ကျေးမှုမှ လွှတ်တင်သော မီးပုံးမှာ တတိယဆုရရှိခဲ့ကြပြီး စိန်နပန်း မီးပုံးများတွင်မြောက်ပိုင်းမီးပုံးမှာ ပထမဆု၊ ရွှေဓနုမီးပုံးမှာ ဒုတိယ၊ လင်းယုန်မီးပုံးမှာ တတိယဆုအသီးသီးရရှိခဲ့သည်။ 

ပထမဆုအား ကျပ်သိန်း(၄၀)၊ ဒုတိယဆုအား ကျပ်သိန်း(၃၀)၊ တတိယဆုအား ကျပ်သိန်း (၂၅)နှင့် နှစ်သိမ့်ဆုမှာ ကျပ်(၅)သိန်းဖြစ်သည်။

Myit Makha Mediagroup

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here