Friday, November 30, 2012

“လက်ပန်းတောင်းတောင်အရေးကိစ္စနှင့် ပတ်သက်၍ အထက်မြန်မာပြည်မှသံဃာတော်များသဘောထားကြေညာချက်ထုတ်ပြန်”

0 comments
နိုဝင်ဘာ(၃၀)

ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှ ၂ နာရီခွဲထိ လက်ပန်းတောင်းတောင်အရေးတွင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုနှင့် ပတ်သက်၍
ဆန္ဒပြတောင်းဆိုခဲ့သော မန္တလေးမှ သံဃာများက ကြေညာချက်တစ်စောင် ယနေ့ နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ သံဃာတော်များ၏တောင်းဆိုချက်အပြည့်အစုံမှာ -

(က) လက်ပန်းတောင်းတောင်တွင် သံဃာတော်များနှင့် ပြည်သူများအပေါ် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်နှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ခြင်းကို
အပြင်းအထန် ရှုတ်ချသည်။

(ခ) ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရက သံဃာတော်များအား တရားဝင် ၀န်ချတောင်းပန်ရမည်။

(ဂ) အကြမ်းဖက်ဖြိုခွင်းခဲ့မှုနှင့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ တာဝန်အရှိဆုံးဖြစ်သော ပြည်ထောင်စုအစိုးရမှ သံဃာတော်များနှင့်
ပြည်သူများ ကျေနပ်လက်ခံနိုင်သည်အထိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူဖြေရှင်းပေးရမည်။

(ဃ) အကြမ်းဖက်ဖြိုခွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိကြသော သံဃာတော်များနှင့် ပြည်သူများကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်
တစ်စုံတစ်ရာ နစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက်ပေးရမည်။

(င) ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်ဆုံးပြန်လွှတ်ပေးရမည်။
 
ကိုးဒီသွေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here