Saturday, November 24, 2012

SSA(ရွက်ဆစ်)အဖွဲ့မှ မူးယစ်တိုက်ဖျက်ရေးနှင့်အလှူအတန်းများဆောင်ရွက်

0 comments
နိုဝင်ဘာ(၂၄)

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် (ဓာတ်ပုံ - mongloi.org)


ရှမ်းပြည်နယ် SSA(ရွက်ဆစ်)အဖွဲ့မှ ခိုလမ်မြို့နယ် ဆက်ဆံရေးတာဝန်ခံအရာရှိများသည် နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှ ညနေအထိ စစ်တပ်အဖွဲ့ များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် သွားရောက်တွေ့ ဆုံဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။

ဒုမှူးကြီး စိုင်းမွန်းနှင့် မှူး စိုင်းတေစိန်ဦးစီး အဖွဲ့သည် ၂၂ ရက်နေ့ မနက်ပိုင်းတွင် လင်းခေး စစ်ဗျူဟာမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့နဲ့ သွား ရောက်တွေ့ဆုံခဲ့ကြပြီး နှစ်ဖက်အဖွဲ့အစည်းများအကြား ဆက်ဆံရေးကိစ္စများနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အထက်ပါအဖွဲ့သည် လင်းခေးမြို့သို့ ဆက်လက်ရောက်ရှိပြီး နေ့လည်ပိုင်းမှာ ၀မ်လွိုင်ရပ်ကွက်ရှိ မဟာ ၀ိဟာရဘုန်းတော်ကြီးကျောင်းတွင် သံဃာ ၁၀ ပါး အား ပူဇော်ကန်တော့ပြီး စိုင်းမွန်းမှ ငြိမ်း ချမ်းရေးဖော်ဆောင်ရေးအကြောင်းနဲ့ ဒုမှူးကြီး စိုင်းရွက်မိန်းမှ စီးပွားရေး၊ လူမှုရေးနဲ့ မူးယစ်ဆေး ၀ါးတိုက်ဖျက်ရေး လုပ်ငန်းများနဲ့ မှူး စိုင်းတေစိန်မှ ဆက်ဆံရေးကိစ္စများကို အသီးသီးဆွေးနွေးခဲ့ကြပါတယ်။ ဆက်လက်ပြီး သံဃာ(၁၀)ပါးနှင့် သက်ကြီးရွယ်အို(၁၃)ဦးတို့အား ငွေ(၅၀၀၀)ကျပ်စီဖြင့် ကန်တော့ခဲ့ပါ တယ်။ အဆိုပါ ဆွေးနွေးပွဲနှင့် သက်ကြီးရွယ်အိုများကန်တော့ခြင်းအခမ်းအနားကို ဒေသခံပြည်သူ (၂၀၀)ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။







Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here