Friday, November 30, 2012

မြန်မာပိုင်း VOA ရုပ်သံ စကိုင်းနက်မှာ လွှင့်မည်

0 comments
နိုဝင်ဘာ(၃၀)


အမေရိကန် အစိုးရ၏ အသံလွှင့်ဋ္ဌာနဖြစ်သည့် ဗီအိုအေ မြန်မာပိုင်းရုပ်သံ အစီအစဉ်ကို ပုဂ္ဂလိကပိုင် စကိုင်းနက်ရုပ်သံလိုင်းမှ လွှင့်တင်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။ 

 
စကိုင်းနက်ပေါ်မှ ဗွီအိုအေ ဆိုသည့် အခမ်းအနားကို လာမည့် ဒီဇင်ဘာ ၆ရက်နေ့တွင် ပြုလုပ်မည့် ဖိတ်ကြားစာများကို သတင်းမီဒီယာ များသို့ ဝေငှထားကြောင်း လက်ခံရရှိသူ သတင်းအယ်ဒ
တာ တစ်  ဦးကပြောသည်။ 
 
အခပေး ကြည့်ရှုသူပေါင်း တသိန်းကျော်ရှိသည့် ရွှေသံလွင် ဦးကျော်ဝင်း ပိုင်ဆိုင်သော စကိုင်းနက် ရုပ်သံဋ္ဌာနသည် အခပေး ရုပ်သံဈေးကွက်တွင် နေရာရထားသည့် ရုပ်သံလွှင့် ဋ္ဌာနလည်းဖြစ်သည်။ 
 
ယခင်က မိုးလုံးပြည့် မုသာဝါဒများ၊ လေလှိုင်းပေါ်မှ လူသတ်သမားများဟု နအဖ အစိုးရက တလျှောက်လုံး ခေါ်ဆိုလာခဲ့သော်လည်း ယမန်နှစ် သြဂုတ်လတွင် ယင်းသို့ခေါ်ဆိုခြင်းကို ရပ်ဆိုင်း လိုက်ပြီးနောက် လအနည်းငယ်အကြာတွင် ပြည်ပအခြေစိုက် မြန်မာသတင်းဋ္ဌာန အချို့ မြန်မာနိုင်ငံတွင်း ၀င်ရောက်သတင်းယူခွင့် ရရှိလာခဲ့သည်။ ယင်းနောက်ပိုင်း တဖြည်းဖြည်းနှင့် ပြည်ပအခြေစိုက် သတင်းဋ္ဌာန များ၏ ရုံးခန်းများ ပြည်တွင်းတွင် ဖွင့်လှစ်လာနိုင်ကြသည်။ 
 
ပြည်ပအခြေစိုက် မြန်မာ ရုပ်သံအစီအစဉ်တစ်ခု အနေဖြင့် ပြည်တွင်းမှ ထပ်ဆင့်ထုတ်လွှင့်ခြင်းမှာမူ ယခု ဗွီအိုအေရုပ်သံအစီအစဉ် သည် ပထမဆုံး ဖြစ်လာမည်ဖြစ်သည်။ ။
 
  Myanmar Express

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here