Sunday, December 23, 2012

အမျိုး ဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ (၁၈)ကြိမ်မြောက် တရားပွဲကျင်းပမည်

0 comments
ဒီဇင်ဘာ(၂၃)

မိုးရာသီကင်းလွတ်ရာသီများတွင် ပြုလုပ်ကျင်းပမြဲဖြစ်သော အမျိုး ဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး အဖွဲ့၏ (၁၈)ကြိမ်မြောက် အထူးတရားပွဲကို တာချီလိတ်မြိုရှိ ရှမ်းရိုးကွင်းမှာ ပြုလုပ်မှာဖြစ်ကြောင်းသိရှိရပါတယ်။

(၁၈)ကြိမ်မြောက်အထူးတရားပွဲကို ဒီဇင်ဘာလ(၂၉)ရက် မှ ဇန်န၀ါရီလ(၈)ရက်နေ့ထိ (၁၀)ညတိုင်တိုင် ပြုလုပ်ကျင်းပမှာဖြစ်ပြီး တရားတော်ဟောကြားရန်အတွက် ပင့်ဆောင်ထားသော ဆရာတော်များမှာ (၅)ပါးဖြစ်ပြီး တရားပွဲအစီအစဉ်များမှာ အောက်ပါအစီအစဉ်အတိုင်းဖြစ်ကြောင်း သိရပါတယ်။






တရားပွဲ၏ နောက်ဆုံးနေ့ဖြစ်သော ဇန်န၀ါရီလ(၈)ရက်နေ့ နံနက်(၆)နာရီတွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း(တရားသဘင်နေရာ)၌ ကလေးအထူးတရားပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

ဇန်န၀ါရီလ(၈)ရက်နေ့ နံနက်(၆)နာရီတွင် ပြုလုပ်မည်ဖြစ်သော ကလေးအထူးတရားပွဲ သို့ အလှူရှင်များအနေဖြင့် အကျွေးအမွေးလှူဒါန်းမှုများ ပြုလုပ်နိုင်ပါရန်အတွက် တာချီလိတ်အွန်လိုင်းစာမျက်နှာမှ အသိပေးနှိုးဆော်အပ်ပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here