Saturday, December 29, 2012

(၆၅)ခုနှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၀မ်ကောင်းရပ်ကွက်ရှိ ဓမ္မသစ္စာလမ်း(ကတ္တရာလမ်းသစ်)အား ဖွင့်လှစ်

0 comments

ဒီဇင်ဘာ(၂၉)  

(၆၅)ခုနှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၂၉)ရက် နံနက်(၉)နာရီက တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ ဓမ္မသစ္စာလမ်းအား ကတ္တရာလမ်းသစ်ဖွင့်ပွဲအဖြစ် အခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါလမ်းဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး နှင့် တာချီလိတ်ခရိုင်/မြို့ အုပ်ချုပ်ရေးမှူး အပါအ၀င် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံ တိုင်းရင်းသားများ နှင့် ရပ်ကွက်သူ/သားများ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။
ယခုဖွင့်လှစ်သော ၀မ်ကောင်းရပ်ကွက် ဓမ္မသစ္စာလမ်း ကတ္တရာလမ်းခင်းခြင်းနှင့်ပတ်သက်၍ အတိုင်းအတာအရ ၁၂၀၀' x ၁၂' x ၁၂.၅' ရှိပြီး ကုန်ကျငွေ ကျပ်သိန်း(၁၇၆)သိန်းဖြစ်ပြီး အဆိုပါလမ်းအား ကတ္တရာဖြင့် သုံးလွှာခင်းထားတာဖြစ်ပါတယ်။  ဓမ္မသစ္စာလမ်းကို ၂၀၁၂ခုနှစ် အောက်တိုဘာ(၃)ရက်နေ့က စတင်၍ ကတ္တရာလမ်းအဖြစ်ခင်းရာ ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၁၅)ရက်နေ့မှာ ပြီးကြောင်း သိရပါတယ်။



၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ဆောက်လုပ်ခင်းကျင်းခဲ့ပြီးသော ကတ္တရာလမ်းများမှာ စုစုပေါင်း(၁၃)လမ်းရှိကာ (၁၃)လမ်း၏ အရှည်ကိုတွက်သော် (၃)မိုင် ၅.၂၇ဖာလုံရှိပြီး ကျပ်သိန်း(၃၃၉၂)ကုန်ကျကြောင်း သိရပါတယ်။
 
တာချီလိတ် 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here