Monday, December 3, 2012

လားရှိုးမြို့၌ နိုင်ငံတကာ ပညာရေး ပြပွဲ ဖွင့်လှစ်

0 comments
ဒီဇင်ဘာ(၃)

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး မြို့တွင် PARGON INTERNATIO- NALမှ ဦးဆောင် ကျင်းပသော နိုင်ငံတကာ ပညာရေး ပြပွဲကို မြို့တော် ခန်းမရှေ့၌ ယမန်နေ့ နံနက် ၉ နာရီ က ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်စိုး၊ ဦးစိုင်းစံမင်း၊ လားရှိုး တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်၊ PARGON INTERNATIONAL မှသင်တန်း အုပ်ချုပ်ရေးမှူး ဦးဗိုလ်ဗိုလ်အောင်နှင့် ကိုးကန့် ယဉ်ကျေးမှု အဖွဲ့မှ ဦးလှရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
ထို့နောက် ခရိုင် အုပ်ချုပ် ရေးမှူးက အဖွင့် အမှာစကား ပြောကြားပြီး တက်ရောက် လာသူများက ခင်းကျင်းပြသ ထားသော နိုင်ငံတကာ ပညာရေး ပြခန်း များအား ကြည့်ရှု လေ့လာ ကြသည်။
အဆိုပါ ပြပွဲတွင် ပြခန်း ၁၆ ခန်း ပါဝင်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ကျောင်း သား၊ ကျောင်းသူများ ပညာရေး အမြင် ကျယ်စေရန်၊ နိုင်ငံတကာ ပညာရေး လမ်းကြောင်း သိမြင် သဘောပေါက် လာ၍ နိုင်ငံတကာ ပညာရေးကို ဈေးနှုန်း သက်သာစွာဖြင့် ရယူနိုင်ရန် ရည်ရွယ် ထားကြောင်းနှင့် ပြပွဲကို ဒီဇင်ဘာ ၂ ရက်ထိ ခင်းကျင်း ပြသ ခဲ့ကြောင်း သိရသည်။ 
မြ၀တီ    

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here