Friday, December 14, 2012

ဖမ်းဆီးရ မိခဲ့သော စီအိုင်အေ မောင်းသူမဲ့ လေယာဉ်မှ အချက်အလက်များ အီရန် ဖော်ထုတ်နိုင်ခဲ့

0 comments
ဒီဇင်ဘာ(၁၄)

ဖမ်းဆီးရ မိခဲ့သော စီအိုင်အေ မောင်းသူမဲ့ လေယာဉ်မှ အချက်အလက်များ အီရန် ဖော်ထုတ်နိုင်ခဲ့ 

ပြီးခဲ့သည့် နှစ်က ဖမ်းဆီး ရမိခဲ့သော အမေရိကန် ဗဟို ထောက်လှမ်းရေး (CIA) အဖွဲ့၏ အဆင့်မြင့် နည်းပညာသုံး မောင်းသူမဲ့ ကင်းထောက် လေယာဉ်မှ အချက် အလက်များကို ဖော်ထုတ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြော ကြားခဲ့သည်။
RQ-170 အမည်ရှိ အဆိုပါ မောင်းသူမဲ့ လေယာဉ်အား ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလက အာဖဂန် နစ္စတန်နိုင်ငံ နယ်စပ် အရှေ့ပိုင်း ဒေသတွင် အီရန် တပ်ဖွဲ့ဝင် များက ပစ်ချခဲ့ခြင်း ဖြစ်ပြီး ယင်းလေယာဉ်သည် နျူကလီးယား အဆောက်အအုံနှင့် စပ်လျဉ်း၍ သတင်း အချက်အလက် များရယူနိုင် ခဲ့ခြင်း မရှိကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ လေတပ် အကြီးအကဲ အမီအလီ ဟာဂျီဇာ ဒက်ရှ်က နိုင်ငံပိုင် သတင်းဌာန တစ်ခုဖြစ်သော Press TV သတင်း ဌာနသို့ ပြောကြားခဲ့သည်။ 

အီရန် နိုင်ငံသည် ဖမ်းဆီး ရမိခဲ့သော အဆိုပါ မောင်းသူမဲ့ လေယာဉ်မှ အချက် အလက်များကို မဟာမိတ် နိုင်ငံများ ဖြစ်သော တရုတ် နိုင်ငံနှင့် ရုရှား နိုင်ငံတို့မှ အကူအညီ ရယူခြင်း မရှိဘဲ ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဟာဂျီဇာ ဒက်ရှ်က ပြောကြား ခဲ့သည်။

အီရန် နိုင်ငံသည် ပါရှန် ပင်လယ်ကွေ့ရှိ နိုင်ငံ ဝေဟင် ပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့သည့် အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်းကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း၊ ယင်းလေယာဉ်သည် နိုင်ငံပိုင် ရုပ်မြင်သံကြား တွင် မြင်တွေ့ ခဲ့ရသော ဘိုရင်း ကုမ္ပဏီထုတ် Scan Eagle မောင်းသူမဲ့ လေယာဉ် ဖြစ်ကြောင်း အီရန် တော်လှန်ရေး တပ်ဖွဲ့က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပြောကြား ခဲ့သည်။

အမေရိကန် မောင်းသူမဲ့ လေယာဉ် များသည် နိုင်ငံဝေဟင် ပိုင်နက် အတွင်းသို့ ချိုးဖောက် ဝင်ရောက် ခဲ့ကြောင်း အီရန် နိုင်ငံက ပြီးခဲ့သည့် လက ပြောကြားခဲ့သည်။ Predator မောင်းသူမဲ့ လေယာဉ်သည် နိုင်ငံတကာ ရေပိုင်နက် ပေါ်တွင် ပျံသန်းနေစဉ် အနည်းဆုံး နှစ်ကြိမ် ပစ်ခတ် ခဲ့သော်လည်း ထိခိုက်မှု မရှိခဲ့ကြောင်း အမေရိကန် နိုင်ငံက ပြောကြား ခဲ့ကြောင်း သိရသည်။
 
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here