Friday, December 7, 2012

ဖဲကြိုးဖြူနေ့ အခမ်းအနား တောင်ကြီးတွင်ကျင်းပ

0 comments
ဒီဇင်ဘာ(၇)
ရန်ကုန်တွင် နိုဝင်ဘာ(၂၅)ရက်နေ့က ဖဲကြိုးဖြူနေ့ကျင်းပခဲ့ပုံ




အမျိုးသမီးများအား အကြမ်းမဖက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး(ဖဲကြိုးဖြူ)နေ့အခမ်းအနားကို တောင်ကြီး မြို့၊ ကျောင်းစုရပ်ကွက်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ခန်းမမှာ ဒီဇင်ဘာလ(၆)ရက်နေ့ မနက်ပိုင်းက ပြုလုပ် ခဲ့ပါတယ်။

အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ NLD ပါတီမှလူငယ်များ၊ တောင်ရွှေလူငယ်အဖွဲ့၊ တာလာဖူး လူငယ်အဖွဲ့၊ နွေအရိပ်လူငယ် အဖွဲ့နဲ့ တောင်ကြီးမြို့ အထက(၃)မှ ကျောင်းသား/ကျောင်းသူများ တက်ရောက် ခဲ့ကြပြီး အင်အား ၁၅၀ ကျော်ရှိတယ်လို့သိရပါတယ်။

တက်ရောက်လာကြတဲ့ အဖွဲ့များမှ ဖဲကြိုးဖြူအဖွင့်သီချင်းကိုစုပေါင်းသီဆိုကြပြီး ဖဲကြိုးဖြူသမိုင်း ကြာင်းဖြစ် ပေါ်လာ ပုံ၊ တေး သရုပ်ဖော် ပညာပေး ဇာတ်လမ်းများဖြင့် ရှင်းလင်းပြသပေးခဲ့တယ်လို့သိရပါတယ်။ ‘ ယခုလို တောင်ကြီးမြို့မှာ ဖဲကြိုးဖြူနေ့ကို လူသိရှင်ကြားပြုလုပ်တာဟာ ပထမဆုံးဖြစ်ပြီးတော့ အမျိုးသမီးအားလုံးကိုလာ ဖို့ဖိတ်ခေါ်ကြောင်း၊ အမျိုးသားများနှင့် သက်ဆိုင်ကြောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ လိင် ကျွန်ပြုခံရမှုပပျောက်စေရန်ရည်ရွယ်ပြီး ယခုလိုကျင်းပခြင်းဖြစ်ပါတယ် ’ လို့ မသန္တာဦးက ပြောပြသွားပါတယ်။
ရန်ကုန်မြို့တွင်လည်း နိုဝင်ဘာလ(၂၅)ရက်နေ့က ဖဲကြိုးဖြူနေ့အထိမ်းအမှတ် စီတန်းလှည့်လည်မှုများ၊ လမ်းလျှောက်ပွဲများကျင်းပခဲ့ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here