Friday, December 7, 2012

ပန်းပွင့် တစ်သိန်းငါးသောင်းနှင့် IC Show ပါဝင်မည့် ပန်းပွဲတော်

0 comments
ဒီဇင်ဘာ(၇)


IC Show ပါဝင်မည့် ပြင်ဦးလွင် ပန်းပွဲတော်ပြပွဲတွင် လာရောက်ကြည့်ရှုလေ့လာသူများပြားလာနိုင် ကြောင်း ဦးစီးကျင်းပပြုလုပ်မည့် ထူးကုမ္ပဏီမှ သိရှိရသည်။
 
"မိုးတွင်းမှာတောင် တစ်နေ့ကို လူဦးရေ ၂၀၀၀ လောက်ပဲဝင်တယ်။ အခုလိုရာသီဥတု၊ ပွဲတော်အချိန် တွေနဲ့ဆို တစ်နေ့ကို ၂သောင်းခွဲ၊ ၃သောင်းလောက်ဝင်နိုင်တယ်။ IC Show ပွဲနေ့ဆို လူပိုဝင်လာနိုင်တယ်"ဟု ပြင်ဦးလွင် ထူးကုမ္ပဏီမှ ဒါရိုက်တာ ဦးမျိုးဝေအောင်က ပြောသည်။
 
အဆိုပါ ပွဲတော်တွင် ပန်းအပွင့်ရေ တစ်သိန်း ငါးသောင်း၊ ပန်းအမျိုးပေါင်း (၂၆)မျိုးနှင့် အရုပ် (၈၃)ရုပ် တို့်အား စုစုပေါင်း ကျပ်သိန်း (၃၀၀)၀န်းကျင်အသုံးပြုကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယခင်ကျင်းပပြုခဲ့သော ပန်းပွဲတော်အတွေ့အကြုံများအရ ရက်ပိုင်းအတွင်း ဟိုတယ်၊ စားသောက်ဆိုင်၊ ဒေသတွင်းထွက်ကုန်ရောင်းဝယ်ရေး စသည့် လုပ်ငန်းများလည်း  ပိုမိုအဆင်ပြေမှုရှိလာတတ်ကြောင်း ဒေသခံများက ဆိုသည်။

"ဒီနှစ်ပန်းပွဲတော်ကို လာရောက်လေ့လာသူတွေများပြားလာနိုင်တယ်။ ပြင်ဦးလွင်က ကမ္ဘာလှည့်ခရီးသည် စိတ်ဝင်စားတဲ့ မြို့လဲဖြစ်တယ်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေအတွက် တော်တော်လေး ၀င်ငွေကောင်းလာနိုင်တယ်"ဟု ပြင်ဦးလွင် ကန်တော်ကြီးအနီးရှိ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
 
အဆိုပါ ပန်းပွဲတော်ကို ဒီဇင်ဘာ (၁၅)ရက်နေ့မှစတင်ကာ ဒီဇင်ဘာ (၃၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ယခုကျင်းပပြုလုပ်မည့် ပန်းပွဲတော် သည် (၇)ကြိမ်မြောက်ဖြစ်ကာ တရုတ်၊ ထိုင်း၊ ဂျပန်နိုင်ငံတို့မှ မှာယူစိုက်ပျိုးထားသော ပန်းမျိုးစေ့များစွာပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
 
ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပန်းပွဲတော်များသို့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာတို့မှ အဓိက လာရောက် ကြည့်ရှုလည်ပတ်သူများပြားပြီး လီလီပန်း၊ ကျားပါးစပ်၊ ခရစ္စမတ်၊ ပင်စိမ်းရောင်စုံ၊ ကြက်မောက် စသည့်ပန်းများပါဝင်မည်ဖြစ်ကာ ဥယျာဉ်ဝင်ကြေးမှ တစ်ဦးလျှင် ကျပ် (၁)ထောင်ဖြစ်ပြီး IC Show ၀င်ကြေး လက်မှတ်ခမှာ တစ်ဦးလျှင် ကျပ် (၇၀၀၀) ဖြစ်ကြောင်း သိရှိရသည်။
 

by-ငြိမ်းချမ်း (မြစ်မခ)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here