Thursday, December 13, 2012

အရေးပေါ် ထိခိုက်ဒဏ်ရာ မီးသတ်ဦးစီးထံ လူနာတင်ယာဉ် အခမဲ့တောင်းခံနိုင်

0 comments
ဒီဇင်ဘာ(၁၃)



ရန်ကုန်မြို့တွင် ယာဉ်မတော်တဆမှုနှင့် သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရသူများ အား ဆေးရုံသို့ အချိန်မီပို့ရန်အတွက် လူနာတင်ယာဉ်လိုအပ်ပါက ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံ အခမဲ့ အကူအညီ တောင်းခံနိုင်ကြောင်း မီးသတ်ဦးစီဌာန (ရုံးးချုပ်)မှ သိရသည်။ အရေးပေါ်လူနာများ အသက်မဆုံးစေရေးနှင့် အချိန်မီ ဆေးရုံတင်ပို့နိုင်ရေးအတွက် စမ်းချောင်းနှင့် တာမွေ မီးသတ်စခန်းတို့၌ အရေးပေါ် လူနာတင်ယာဉ်တစ်စီးစီ ထားရှိကာ ဒီဇင်ဘာမှ စတင်၍ အကူအညီ တောင်းခံလာသူများအား အခမဲ့ ကူညီပေးသွား မည် ဖြစ်ကြောင်း၊ အရေးပေါ် လူနာများအား ပြုစုစောင့်ရှောက်နိုင်ရန် အတွက် မီးသတ်တပ်ဖွဲ့ ဝင်များအား ရှေးဦးသူနာပြုစုခြင်း၊ သင်တန်းနှင့် ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ပို့ချသင်ကြားပေးထားပြီး ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ “အဓိက ကတော့ ရန်ကုန်မြို့မှာ ယာဉ်မတော်တဆမှုတွေ များလာတဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို အချိန်မီ ဆေးရုံပို့နိုင်အောင် စီစဉ်ရတာ။ ဒါပေမဲ့ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရတဲ့သူတွေတင်မကဘူး သာမန် မကျန်းမာလို့ အရေးပေါ်ဖြစ်ပြီး ဆေးရုံသွားဖို့ အခက်အခဲရှိနေတဲ့ သူတွေအတွက်ပါ အခမဲ့ အချိန်မရွေး အကူအညီ ပေးသွားမယ်” ဟု ၎င်းက ဆိုသည်။ လူနာတင်ယာဉ်များအား စမ်းချောင်းနှင့် တာမွေ မီးသတ်စခန်းနှစ်ခု တို့၌သာ ထားနိုင်သေးသော်လည်း လာမည့် ဘဏ္ဍာရေးနှစ်တွင် လူနာတင်ယာဉ်များ တိုးချဲ့ဝယ်ယူ၍ ရန်ကုန်မြို့ရှိ မီးသတ်စခန်းအားလုံး၌ သာမက နယ်မြို့များရှိ မီးသတ်စခန်းများ၌ ပါထားရှိကာ အရေးပေါ် လူနာများအား အကူအညီပေးသွားနိုင်ရန် အစီအစဉ်များ ရေးဆွဲထားကြောင်း သိရှိရသည်။
  
 www.MyanmarExpress.net

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here