Saturday, December 1, 2012

ဟိုပုံး တန်ဆောင်တိုင် လာပါပြီ...

0 comments
ဒီဇင်ဘာ(၁)

ရှမ်းပြည်နယ် တောင်ကြီးမြို့အနီး တည်ရှိသည့် ဟိုပုံးမြို့တွင်  နှစ်စဉ် တွေ့မြင်နေကျ တန်ဆောင်တိုင်ပွဲတော်ကို သီရိ မင်္ဂလာ ရွှေချမ်းသာ မွေတော် ဘုရားကြီး ပတ်လည်တွင်  မနက်ဖြန် ဒီဇင်ဘာ ၂ ရက်မှ ဒီဇင်ဘာ ၆ ရက်နေ့ အထိ ကျင်းပမည် ဖြစ်ကြောင်း ပွဲတော် ကော်မတီ ဥက္ကဌ ဦးအောင်ဇော်ထွေးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ရသည့် တောင်ကြီးတန်ဆောင်တိုင်ညတည မြင်ကွင်း။ 
ဟိုပုန်းတွင်လည်း တန်ဆောင်တိုင် စည်ကားမည်ဟု ဆိုသည်။
     ဆိုင်ခန်းပေါင်း ၃၀၀ ကျော် ပါဝင်ကြောင်း၊         ဆိုင်ခန်းများ ကန်ထရိုက် မပေးကြောင်း၊ လောင်းကစားဝိုင်းများ မပါကြောင်း၊ လုံးဝ ခွင့်မပြုကြောင်း သူက ဆက်ပြောသည်။

             မီးပုံးပျံ ညမီးကြီး (၁၀)လုံး ပါဝင်ပြီး ဖွင်နေ့တွင် (၄) လုံး၊ ကျန်နေ့များတွင် ၂လုံးစီလွတ်တင်မည်၊  နောက်ဆုံးနေ့တွင် ဆုပေးမည်ဖြစ်ကြောင်း  သိရသည်။

ပထမဆု ကျပ် (၁၀) သိန်း
ဒုတိယ (၈) သိန်း
တတိယ (၅) သိန်း 

ပြိုင်ပွဲဝင် မီးပုံးတိုင်းကို ကျပ် ၅၀,၀၀၀  စီ ထောက်ပံ့ ပေးထားသည်ဟု ဆိုသည်။

            ဟိုပုံးမြို့ တန်ဆောင်တိုင်ပွဲသည်  
- ရှေးနှစ်ပေါင်းများစွာ စော်ဘွားခေတ်ကတည်းက ကျင်းပခဲ့ကြောင်း၊ 
- ထူးခြားချက်အနေဖြင့် ပွဲတော်ကျင်းပရာ ညတိုင်း ရပ်ကွက် ကျေးရွာအလိုက် မီးကြာလှည့်(ခ) မီးပဒေသာလှည့်လည်ပွဲ ပါဝင်ကြောင်း၊ 
- ပထမညမှာတော့ မွေတော် ဘုရားကြီးကို ရတနာ ဒီပံမီးဖြင့် ပူဇော်ကြောင်း၊ 
- နေ့လည်ပိုင်းတွင် ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲ၊ ညပိုင်းတွင် မြန်မာ့ဇာတ်သဘင်၊ ပအိုဝ်းတိုင်းရင်းသား ဖတ် သဘင် တို့ ပါဝင်မည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဦးအောင်ဇော်ထွေးက ပြောသည်။

                ယခုနှစ်  ဟိုပုံးမြို့ တန်ဆောင်တိုင်ပွဲတော်ကို  Sky Net ရုပ်သံလိုင်းက လာရောက်မှတ်တမ်းတင် ရိုက်ကူး ထုတ်လွင့်မည် ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီက ပြောသည်။


ဧရာဝတီဘလော့

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here