ဇန်န၀ါရီ
(၃၀)
အထက် ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်နေပုံ(ဓာတ်ပုံ-အင်တာနက်)
မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ
တည်ဆောက်နေသော ရှမ်းပြည်နယ် ၊ ဖယ်ခုံမြို့နယ်အတွင်းရှိ အထက် ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းတွင်
ရေမြုပ်ဧရိယာအတွင်း ကျရောက်မည့် ကျေးရွာ (၂၂) ရွာအား လျော်ကြေးငွေများ ပေးအပ်တော့မည်
ဖြစ်ကြောင်း သိရသည်။
ဇန်န၀ါရီလ
ဒုတိယပတ်မှ စတင်ပြီး ရေမြုပ်ဧရိယာအတွင်းကျရောက်မည့် ကျေးရွာများသို့ ရေအား လျှပ်စစ်စီမံကိန်း
တည်ဆောက်ရေး၊ ဆရာဝန်များနှင့် အင်ဂျင်နီယာများ၊ စိုက်ပျိုးရေးအရာရှိများ၊ မြေ စာရင်းနှင့်
စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူများမှ လယ်မြေ၊ ယာ/ကိုင်းမြေစာရင်း၊ နှစ်ရှည် သီးပင်/ စားပင်စာရင်းနှင့်
နေအိမ်အဆောက်အဦများစာရင်းတို့ကို လိုက်လံကောက်ယူ နေကြောင်း သိရသည်။
ရေမြုပ်ဧရိယာအတွင်းကျရောက်မည့်ရွာများမှ
ဒေသခံများ ပြောပြချက်အရ နှစ်ရှည်သီးပင် /စားပင်များ အတွက် အမြင့် (၆) ပေကျော် အုန်း၊
ထန်း၊ ကွမ်းသီးပင်များ တစ်ပင်လျင် (၃၀၀၀၀) ကျပ်၊ သရက် ၊ ပိန္နဲ ၊ ဒညင်း ၊ ရှောက်၊ သံပုရာ၊
ထောပတ်၊ လိမ္မော်ပင်များ တစ်ပင်လျင် (၁၀၀၀၀) ကျပ်၊ မာလကာနှင့် သြဇာပင်များတစ်ပင်လျှင်
(၅၀၀၀)ကျပ်နှုန်း ပေးလျော်မည်ဖြစ်ကြောင်းနှင့် လယ်တစ်ဧကလျှင် (၆၀၀၀၀၀) ကျပ်နှင့် ယာ/ကိုင်း
တစ်ဧကလျှင် (၃၀၀၀၀၀) ကျပ်၊ စပါးစိုက်ပျိုးထားပါက (၁)ဧက ၊ စပါးတင်း (၃၀) နှုန်းဖြင့်
တစ်တင်းလျှင် (၃၀၀၀)နှုန်း (၅) နှစ်စာ (၄၅၀၀၀၀) ကျပ်နှင့် ယာ/ကိုင်း (၁) ဧက (၁၀) တင်းနှုန်းဖြင့်
(၁) တင်းလျှင် (၁၀၀၀) နှုန်းဖြင့် (၅) နှစ်စာ (၁၅၀၀၀၀) ပေးလျော်မည်ဖြစ်ကြောင်း သိရသည်။
လက်လုပ်လက်စားပြည်သူများအတွက်
မိသားတစ်စုလျှင် သီးခြားထောက်ပံ့စရိတ်အနေဖြင့် ယာ/ကိုင်း (၂)ဧက ဖော်ထုတ်စရိတ်အဖြစ်
(၁) ဧကလျှင် (၁၅၀၀၀၀) နှုန်းဖြင့် (၂) ဧက ကျပ် (၃၀၀၀၀၀) သိန်း ပေးမည်ဖြစ်သည်။ လက်လုပ်လက်စားပြည်သူများအနေဖြင့်
အခြားနေရာသို့ ပြောင်းရွှေ့ရာတွင် အရင်းအနှီးအဖြစ် လုပ်ကိုင် စားသောက်နိုင်ရန် ထုတ်ပေးခြင်း
ဖြစ်ကြောင်း သိရသည်။
ရေမြှုပ်ဧရိယာအတွင်းရှိ
ကျေးရွာများမှ အိမ်တန်ဖိုးများကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော် လည်း ပြောင်းရွှေ့နေ ထိုင်ရမည့်
ရွာနေရာများအတွက် အမြင့်ပိုင်းနေရာများတွင် ရွာသစ်များ တည်ဆောက်ပေးခြင်း လုပ် ငန်းများကို
မြေစာရင်းနှင့် စီမံကိန်းဦးစီးဌာနတို့မှ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။