Wednesday, January 30, 2013

မိုင်းခွဲမှုကြောင့် ကမ္ဘာကျော်ကော့ဂွန်းဂူ ဆုံးရှုံးပျောက်ကွယ်နိုင်

0 comments
ဇန်န၀ါရီ(၃၀)


ကရင်ပြည်နယ်ရှိ ခုနစ်ရာစုလက်ရာနှင့် ခေတ်အဆက်ဆက် လက်ရာများကြောင့် ကမ္ဘာကျော် ခဲ့သောေ ကာ့ဂွန်း ဂူမှာ အနီးဝန်းကျင်ရှိ တောင်များကို မိုင်းခွဲဖြိုချနေမှုကြောင့် လာမည့်နှစ် ၅၀ တွင် ပျောက်ကွယ် သွားနိုင်ကြောင်း ကော့ဂွန်းနှင့် ရသေ့ပျံဂူကို သုတေသနပြုနေသူ ဦးမောင်မောင်ကြည်က ပြောကြားသည်။

"မိုင်းခွဲတဲ့ အရှိန်ကြောင့် တောင်တွေ ကွာကျနေပါတယ်" ဟု ၎င်းက အတည်ပြုပြောဆိုသည်။

ယင်းကော့ဂွန်းဂူမှာ ခုနစ်ရာ စုလောက်က ရေးထိုးခဲ့သော မွန်ရှေးဟောင်းနှင့် သက္ကတ စာပေနှစ်မျိုးနှင့် ရေး သား ထားသော ကျောက်စာ သုံးကြောင်းရှိပြီး ကမ္ဘာကျော်ရှေးဟောင်း စာပေများ ဖတ်ရှုနိုင်မှုတွင် နာ မည်ကျော်ေ သာ ပြင်သစ်ပညာရှင်များကပင် တစ်စိတ်တစ်ပိုင်းသာ ဘာသာပြန်ဆိုနိုင်သည်ဟု အဆိပါ ဦးမောင်မောင်ကြည်က ဆိုသည်။

ထိုကျောက်စာအရ ထိုဂူသို့ မုတ္တမမြို့စား၏ မိဖုရားက စစ်ရှောင်တိမ်း ၍လာရောက်နေခဲ့ကြောင်းနှင့် ဂူအ တွင်း အလှုဒါနပေါင်းမြောက်မြားစွာ ပြုလုပ်ခဲ့ကြောင်းရေးသားထားသည်ဟုဆိုသည်။

အဆိုပါ ကမ္ဘာကျော်ဂုသို့ နေ့စဉ် နိုင်ငံခြားခရီးသွားများလာရောက်ကြပြီးအင်းဝခေတ်လက်ရာများ၊ မွန်ရိုးရာ လက်မှု အနုပညာများ၊ ဂူကပ်အုပ်ခွက် ဘုရားများနှင့် ရှေးဟောင်း အနုပညာလက်ရာ ဂုဏ်မြောက်သော အရုပ်သုံးရုပ် ရှိသည့်အပြင် သမိုင်း အထောက်အထား များစွာရှိကြောင်းသိရသည်။

ထိုကော့ဂွန်းဂူ၏ အနီးဝန်းကျင်တွင် ကော့ဂွန်းဂူထက် နှစ်အနည်းငယ်နောက်ကျလှသော ရသေ့ပြန်ဂူ ရှိသသည့် အပြင်ရသေ့ပြန်ဂူ အတွင်းမှာလည်း ရှေးဟောင်းကျောက်စာသုံးကြောင်းရှိ၍ ကော့ဂွန်းဂူနှင့် မတူသော အချက်မှာ ဂူအမြင့်သို့တက်သော အတွင်းလမ်းမှာ နိုင်ငံခြားခရီးသွားများ စိတ်ဝင် စားကြောင်း သိရှိရသည်။

အဆိုပါ ရသေ့ပျံဂူကို ရသေ့ပျံဆရာတော်မှ ထိန်းသိမ်းစောင့်ရှောက်ထားပြီး လိုအပ်သောပြုပြင်မှုများနှင့် ဂူအတွင်းတက်လမ်းများ အဆင်ပြေစေရန် ပြုလုပ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ထိုရှေးကျသော ကရင်ပြည်နယ်ရှိ ထုံးကျောက်ဂူများမှာ ကျောက်တောင်များမိုင်းခွဲမှုကြောင့် လှုပ်ရှားတုန်ခါသော အရှိန်ကြောင့် တဖြည်းဖြည်း ပဲ့ကျမှုများရှိကြောင်း သိရှိရသည်။
 
by 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here