Friday, January 18, 2013

ကြယ်ဂေါင်၌ နယ်မှတ်ပုံတင်နှင့်ဘာသာခြားများ ပြည်ဝင်ခွင့်အတွက် ငွေကုန်ကျမှုများနေ

0 comments





မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ယူရာတွင် ငွေကြေးတောင်းခံမှုများရှိနေသည့်အတွက် တရုတ်ပြည်နယ်စပ်မြို့သို့ သွားရောက်အလုပ်လုပ် ကြသည့် မြန်မာနိုင်ငံဖက်မှ အခြေခံလူတန်းစားအများစုမှာ အခက်အခဲတွေ့နေကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် မန္တလေးမြို့မှအမျိုးသား ကုန်သည်တစ်ဦးက ပြောကြားသည်။
 
တရုတ်ပြည်ထဲသွားဖို့ကို မြန်မာဖက်ကနေ စာအုပ်အနီရယ် ၊ နေ့စဉ်ဝင်ထွက်ခွင့် လက်မှတ်ရယ်ဆိုပြီး နှစ်မျိုး
ထုတ်ပေးတယ် ” ဟုအဆိုပါကုန်သည်က ပြောကြားသည်။
 
မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်အနီ ထုတ်ပေးရာတွင် ရှမ်းပြည်မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုသာ ထုတ်ပေးပြီးအခြားမြို့များမှ လာရောက်နေသည့် ကုန်သည်များကိုမူ ကျပ်ငွေ တစ်သောင်းကျော်မှ စတင်ကာ
ငါးသောင်းအထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
 
ဘာသာခြားတွေဆို ငါးသောင်းလောက်ပေးမှ မြန်မာစာအုပ်အနီကိုင်ခွင့်ရှိတယ် ၊ ရိုးရိုး တစ်ခြား မြို့ကနေ လာတဲ့
လူတွေကတော့ တစ်သောင်းခွဲနှစ်သောင်းလောက်ဆို စာအုပ်ရတယ် ” ဟု မူဆယ် မန္တလေး ကုန်သည်တစ်ဦးက
 ပြောကြားသည်။
 
တရုတ်ပြည်ကြယ်ဂေါင်တွင်လာရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာဖက်မှ အခြေခံလူတန်းစား များအနေဖြင့် စာအုပ်အနီအတွက် အခက်အခဲရှိနေသောကြောင့် နေ့စဉ်ဝင်ထွက်ခွင့်လက်မှတ်အားတစ်ရက်လျှင် ငွေတစ်ထောင်
 နှုန်းဖြင့် ပေးဆောင်သွားလာနေရကြောင်း ကိုလည်း အဆိုပါကုန်သည် တို့က ဆိုသည်။
 
ငွေသောင်းဂဏန်းလောက်ရှိတဲ့စာအုပ်အတွက် ဒီမှာလာကုန်ထမ်းနေတဲ့လူတွေက ဘယ်ပေးနိုင်မလဲ ၊ စာအုပ်
အနီက မူဆယ်မှတ်ပုံတင်ကိုင်ထားမှ ထုတ်လို့ရတယ် ၊ နို့မို့ဆို လိုင်းကြေးပေးပြီး ထုတ်မှ အဆင်ပြေတယ် ” ဟု ကုန်သည်တစ်ဦးက ပြောသည်။
 
ကြယ်ဂေါင်မြို့တွင် မြန်မာဖက်မှလာရောက်အလုပ်ကိုင်နေသူအများစုမှာ ကုန်ထမ်းခြင်းနှင့် အခြေခံအလုပ်များစွာ
လုပ်ရသည့်အတွက် နေ့စဉ် နံနက် (၇)နာရီမှ ည(၈)နာရီထိ အလုပ်လုပ် နေကြကြောင်းသိရပြီး၊ မြန်မာဖက်မှနိုင်ငံ
ကူးလက်မှတ်အနီစာအုပ်အား မြန်မာနိုင်ငံသားတိုင်း ထုတ်ပေးလျှင် ယခုထက် ပိုမိုအဆင်ပြေလာနိုင်ကြောင်း အဆို
ပါကုန်သည်များက သုံးသပ်သည်။
 
၂၀၁၀ ဂီရိမုန်တိုင်းအပြီး ရခိုင်လူမျိုးများ ကြယ်ဂေါင်သို့နေ့စဉ်အသုတ်လိုက်ပြောင်းရွှေ့မှုများရှိခဲ့ပြီး လက်ရှိအချိန်တွင် ခန့်မှန်းလူဦးရေ   သောင်းဂဏန်းရှိနေကြောင်းကိုလည်း သိရသည်။
မြစ်မခ
 
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here