Tuesday, January 15, 2013

အင်္ဂါဂြိုလ်၏ ရှေးဟောင်းကျောက်တွင်…ရေများစွာပါဝင်

0 comments





အန်ဒဗလျူအေ ၇၀၃၄ ဟု နာမည်ပေးထားသော အင်္ဂါဂြိုဟ် မှ ဥက္ကာခဲအပိုင်းအစ တစ်ခုကို စစ်ဆေးကြည့်ရှုခဲ့ရာ၌ နှစ်ပေါင်း ၂.၁ ဘီလီယံသက်တမ်း ရှိပြီဖြစ် ကြောင်းနှင့် ရေဓာတ်ပေါကြွယ်ဝ စွာ ပါဝင်ကြောင်းသိရှိကြရသဖြင့်  တစ်ချိန်က အင်္ဂါဂြိုဟ်၏မျက်နှာ ပြင်ပေါ်တွင် ရေများပြည့်ဝနေ လိမ့်မည်ဟု ယူဆရသည်။
အင်္ဂါဂြိုဟ်၏အပိုင်းအစ တစ်ခုကို လက်ထဲ၌ ကိုင်ထားနိုင် ခြင်းမှာ အလွန်စိတ်လှုပ်ရှားစရာ ကောင်းကြောင်း နယူးမက္ကဆီကို တက္ကသိုလ် ရှိ ဥက္ကာခဲများဆိုင်ရာသိပ္ပံ၏ဒါရိုက်တာနှင့် ပြတိုက် တာဝန်ခံဖြစ်သူ ကားလ်အဂီးက ပြောကြားလိုက်သည်။
အဂီးဦးဆောင်သည့် သိပ္ပံ ပညာရှင်အဖွဲ့တစ်ဖွဲ့သည် အသစ် တွေ့ရှိထားသည့် နာမည်ပြောင် “မဟူရာအလှ” ဟု နာမည်ပေး ထားသော ဥက္ကာခဲနှင့်ပတ်သက် ၍ တွေ့ရှိချက်များကို ဂျာနယ် ဆိုင်းယင့်စ်တွင် ရေးသားဖော်ပြ လိုက်ကြသည်။ ထိုဥက္ကာခဲတွင် ရေ .၀၆% ခန့်ပါရှိသဖြင့် တစ် ချိန်သောအခါက ဂြိုဟ်အများ စု၏မျက်နှာပြင်များ ခြောက်သွေ့ နေချိန်တွင် အင်္ဂါဂြိုဟ်၏ မျက်နှာ ပြင်၌ ရေရှိနေလိမ့်မည်ဟု သိပ္ပံ ပညာရှင်များက ယုံကြည်ကြ သည်။
ဘေ့စ်ဘောလုံး အရွယ် အစားခန့်ရှိသော ထိုဥက္ကာခဲအား ဆဟာရမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အခြားတွေ့ရှိခဲ့ရသော အင်္ဂါဂြိုဟ် ကျောက်များထက် ရေဓာတ်၏ အထောက်အထားကို ပိုမိုတွေ့ရှိ ရသည်။
လွန်ခဲ့သောနှစ်ပေါင်း ဘီလီယံချီ၍ ကြာမြင့်ခဲ့သည့် အချိန်ကလ၏ မျက်နှာပြင်ပေါ် တွင်မီးတောင်ပေါက်ကွဲမှုကြောင့်
 သော်လည်းကောင်း၊အခြားသော ဂြိုဟ်တစ်ခုခုက ၀င်တိုက်ခဲ့၍ သော်လည်းကောင်း ထိုဥက္ကာခဲမှာ လေထုတွင်း
သို့လွင့်စင်သွားပြီး ကမ္ဘာမြေဆီသို့ ရောက်ရှိလာခဲ့ ခြင်းဖြစ်သည်။ ထိုဥက္ကာခဲသည် နာဆာ၏ “စပစ်ရစ်” နှင့် “အပေါ် ကျူးနီးတီး” အင်္ဂါဂြိုဟ်ဆင်း ယာဉ်များက အင်္ဂါဂြိုဟ်မျက်နှာ ပြင်တွင် စမ်းသပ်စစ်ဆေးခဲ့သည့် မီးတောင်ကျောက်များနှင့် ဆင် တူကြောင်းလည်း အဂီးနှင့်အဖွဲ့ က ပြောကြားသည်။
နှစ်ပေါင်းများစွာအတွင်း အင်္ဂါဂြိုဟ်ကျောက် ၆၀ ခန့်အား သိပ္ပံပညာရှင်များက စုဆောင်း ထားရှိခဲ့ကြပြီး ၎င်းင်းတို့အနက် အများစုမှာ ဆဟာရနှင့် အန္တာတိက  ဒေသများမှရရှိကာ သက်တမ်းအရင့်ဆုံးကျောက်မှာ
 နှစ်ပေါင်း ၄.၅ဘီလီယံဖြစ်သည်။
hot news

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here