Tuesday, January 15, 2013

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ၂၀၁၃ ခုနှစ် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

0 comments
Photo: ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ၂၀၁၃ ခုနှစ် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
Tuesday, January 15, 2013 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းသည် ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ၂၀၁၃ ခုနှစ်၊ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟို ကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။ 

ရှေးဦးစွာ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင် ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ယခု အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေး အတွက် ကော်မတီနှင့် ဆပ်ကော်မတီ (၁၄) ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ရာတွင် ဆပ်ကော်မတီများ အနေဖြင့် ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်မှုများကို အချင်းချင်း ညှိနှိုင်း
 ပေါင်းစပ်ပြီး လိုအပ်ချက်များ ရှိပါက ကော်မတီသို့ တင်ပြ ဆောင်ရွက်
သွားရမှာ ဖြစ်ကြောင်း၊ ယခုနှစ် ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်း
အနားကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ကိုယ်စားလှယ်များကို ဖိတ်ကြားသွားမှာဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့များ သွားလာနေထိုင်မှု အဆင်ပြေ ချောမွေ့အောင် တာဝန်ရှိသူများက အလေး
အနက်ထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အခမ်းအနား လုံခြုံရေး ဆောင်ရွက်ရာတွင် ယဉ်ကျေးသိမ်မွေ့စွာဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။ 

ထို့နောက် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှု
 ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်က ဆပ်ကော်မတီများ ဖွဲ့စည်းပြီးစီးမှု၊ ဆပ်ကော်မတီအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်
ပြီးစီးမှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြပြီး လုံခြုံရေး၊ ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ ညစာစားပွဲ ခင်းကျင်းကျွေးမွေးရေး၊ သဝဏ်လွှာ ပြုစုရေး၊ ကျန်းမာရေး၊ စာရင်းစစ်ဆေးရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ အလံတင် အခမ်းအနား စီစဉ်ရေး၊ ညစာစားပွဲ ဖျော်ဖြေရေး၊ မြေစိုက်
ပိုစတာများ စိုက်ထူရေး၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ပို့ဆောင်ရေး၊
 နေရာချထားရေးနှင့် ဆက်သွယ်ရေး ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေ
များကို အသီးသီးရှင်းလင်း တင်ပြကြသည်။ 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကဏ္ဍအလိုက် လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြသည်။ 

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တင်ပြချက်များ
အပေါ် ညှိနှိုင်း ပေါင်းစပ်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။ 

၂၀၁၃ ခုနှစ်၊ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုကြီး ထာဝရတည်တံ့ ခိုင်မြဲရေးနှင့် တိုင်းရင်းသားအားလုံး ပြည်ထောင်စု စိတ်ဓာတ် မွေးမြူရေး၊ ပြည်ထောင်စုကြီး အတွင်း တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် အတူတကွ ပူးပေါင်း နေထိုင်ရေး၊ ရရှိထားပြီး ဖြစ်သည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်ရေး၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို နိုင်ငံသား
အားလုံး အသိစိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်ရေး၊ ခေတ်မီဖွံဖြိုးတိုးတက်ပြီး စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ထွန်းလာစေရန် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက ဥပဒေနှင့်အညီတက်ညီလက်ညီ 
ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ရေး ဟူသည့် အမျိုးသားရေး ဦးတည်ချက်
များဖြင့် နိုင်ငံတစ်ဝှမ်းလုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်
ကြောင်း သိရှိရသည်။ 

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်
အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးသန်းဌေး၊ ဦးအေးမြင့်ကြူ၊ ဦးဇေယျာအောင်နှင့် ဦးဌေးအောင်၊ ဒုတိယဝန်ကြီးများ၊ ကော်မတီနှင့် ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/01/14/id-2314 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ မွန်းလွဲ (၂) နာရီတွင်
 နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ၂၀၁၃ ခုနှစ်၊ (၆၆)နှစ်မြောက်
 ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟို ကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

ရှေးဦးစွာ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင် ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ယခု အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေး အတွက် ကော်မတီနှင့် ဆပ်ကော်မတီ (၁၄) ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ရာတွင် ဆပ်ကော်မတီများ အနေဖြင့် ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်မှုများကို အချင်းချင်း ညှိနှိုင်း
ပေါင်းစပ်ပြီး လိုအပ်ချက်များ ရှိပါက ကော်မတီသို့ တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ယခုနှစ် ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ကိုယ်စားလှယ်များကို ဖိတ်ကြားသွားမှာဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့များ သွားလာနေထိုင်မှု အဆင်ပြေ ချောမွေ့အောင် တာဝန်ရှိသူများက အလေးအနက်ထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အခမ်းအနား လုံခြုံရေး ဆောင်ရွက်ရာတွင် ယဉ်ကျေးသိမ်မွေ့စွာဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး၊
 နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်က ဆပ်ကော်မတီများ ဖွဲ့စည်းပြီးစီးမှု၊ ဆပ်ကော်မတီအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြပြီး လုံခြုံရေး၊ ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ ညစာစားပွဲ ခင်းကျင်းကျွေးမွေးရေး၊ 
သဝဏ်လွှာ ပြုစုရေး၊ ကျန်းမာရေး၊ စာရင်းစစ်ဆေးရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ အလံတင် အခမ်းအနား စီစဉ်ရေး၊ ညစာစားပွဲ ဖျော်ဖြေရေး၊ မြေစိုက်ပိုစတာများ စိုက်ထူရေး၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ပို့ဆောင်ရေး၊နေရာချထားရေးနှင့် ဆက်သွယ်ရေး ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကဏ္ဍအလိုက် လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တင်ပြချက်များအပေါ် ညှိနှိုင်း ပေါင်းစပ်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

၂၀၁၃ ခုနှစ်၊ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုကြီး ထာဝရတည်တံ့ ခိုင်မြဲရေးနှင့် တိုင်းရင်းသားအားလုံး ပြည်ထောင်စု စိတ်ဓာတ် မွေးမြူရေး၊ ပြည်ထောင်စုကြီး အတွင်း တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် အတူတကွ ပူးပေါင်း နေထိုင်ရေး၊ ရရှိထားပြီး ဖြစ်သည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်ရေး၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို နိုင်ငံသားအားလုံး အသိစိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်ရေး၊ ခေတ်မီဖွံဖြိုးတိုးတက်ပြီး
 စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ထွန်းလာစေရန် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက ဥပဒေနှင့်အညီတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ရေး ဟူသည့် အမျိုး
သားရေး ဦးတည်ချက်များဖြင့် နိုင်ငံတစ်ဝှမ်းလုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးသန်းဌေး၊ ဦးအေးမြင့်ကြူ၊ ဦးဇေယျာအောင်နှင့် ဦးဌေးအောင်၊ ဒုတိယဝန်ကြီးများ၊ ကော်မတီနှင့် ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here