Friday, January 25, 2013

ယာသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ တစ်ဧက နှစ်သောင်းတိုးမြှင့် သတ်မှတ်

0 comments
ဇန်န၀ါရီ(၂၅)
ယာသီးနှံများဖြစ်သော မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ပဲမျိုးစုံ ၊ အစေ့ထုတ်ပြောင်း ၊ ဝါစိုက်ပျိုးသည့် တောင်သူ များ စိုက် ပျိုးစရိတ်ကာမိစေရန် လာမည့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ တစ်ဧက လျင် ကျပ် တစ်သောင်း မှ ကျပ်နှစ်သောင်း သို့ တိုးမြှင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရှိရသည်။

ယင်း ဌာန ၏ ထုတ်ပြန်ချက်များအရ လက်ကျန် ချေးငွေ ကြွေးဟောင်းများ ကို အပြည့်အဝ ပေးဆပ်ပြီး သူ များကို သာ ချေးငွေသစ်ကို ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။


သတင်း
The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here