Friday, January 25, 2013

ကျောက်မဲမြို့၏ ဂုဏ်ကျက်သရေကို ယုတ်ညံ့စေသော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌကြီး ဦးစိုင်းဆောင်ဆီ(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၏ တရားမ၀င်ပြည့်တန်ဆာလုပ်ငန်းများအား တားဆီး ပေးရေး တင်ပြခြင်း

0 comments
ဇန်န၀ါရီ(၂၅)


ကျောက်မဲမြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အ၀င်/အထွက် တံခါးမကြီးတစ်ခုဖြစ်သလို မြို့ကိုဝိုင်းရံ ထားတဲ့ တောင်တန်း လှလှလေးတွေမှာ စန္ဒာမုနိစေတီမယ် ကုသတောင်စေတီ  ရွှေနတ်တောင်စေတီ ပတ္တမြားတောင်စေတီ ကျောက်တောင်စေတီ ရန်အောင်မြေစေတီများနဲ့ ဘုန်းတော်ကြီး ကျောင်း အမြောက်အများတည်ရှိနေသည်ကို မြင်တွေ့ခြင်းဟာ ဘာသာတရားကို ကိုင်းရှိုင်းသော ရိုးသားဖြူ စင် သော ရှမ်း ပလောင် တိုင်းရင်းသားများ အများစုနေထိုင်ကြသည့် ဘာသာတရား ထွန်းကားသော ခရိုင်မြို့လေးတစ်မြို့ဖြစ်ပါတယ်။

အဲဒီလို ဘာသာတရားထွန်းလင်းတောက်ပနေတဲ့ မြို့လယ်ခေါင် ဗဟိုတည့်တည့်မှာတော့ ခေတ်မီ အဆင့် ''အာရုဏ်ဦး'' တည်းခိုခန်းကြီးဟာလည်း ခန့်ညားစွာနဲ့ တည်ရှိနေပါတယ်။ သို့သော် ဒီအဆင့်မြင့် တည်းခိုခန်းကြီးဟာ အမျိုးကောင်းသားသမီးတို့ တည်းခိုသင့်တဲ့ နေရာတော့ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့- ဒီတည်းခိုခန်းကို တည်ကြက်ပြုပြီး ဘီယာဆိုင်နဲ့ နိုက်ကလပ် ဖွင့်ထားခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။ ဒီနိုက်ကလပ်ဟာ ငွေကိုရေလိုသုံးနိုင်တယ်ဆိုပါက လိုရာအားလုံး ရနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ အနှီ တည်းခိုခန်းကြီးကို ပိုင်ဆိုင်သူကတော့ ပြည်သူ့ကိုယ်စားလှယ် အမည်ခံ တစ်ကိုယ်ကောင်းသမားကြီး လည်းဖြစ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ကြီး လည်းဖြစ်သူ ဦးစိုင်းဆောင်ဆီပဲ ဖြစ်ပါတယ်။

ယနေ့ပါတီစုံဒီမိုကရေစီခေတ်စနစ်ရဲ့သဘောသဘာဝအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟာ ပြည် သူ့ အသံကို သိအောင်စုံစမ်း ပြီး  ပြည်သူ့ ဘ၀ ပြည်သူ့အကျိုးစီးပွားအတွက် လွှတ်တော်မှာ ထင် သာမြင် သာ အောင် တင်ပြဖြေရှင်းပေးရမှာဖြစ်သော်လည်း ဘာတစ်ခုမျှ ဖြေရှင်း လုပ်ဆောင်ပေး ခဲ့ခြင်း မရှိဘဲ လေတိုက် တုန်း ရွက်လွင့်တဲ့သဘောမျိုးနဲ့ သူ့ရဲ့အကျိုးစီးပွားကိုသာ ဦးစားပေးပြီး လုပ်ဆောင်နေ တာကို မြင်တွေ့နေရတဲ့ ကျောက်မဲမြို့က အိမ်နီးနားချင်းနဲ့ဒေသခံ ပြည်သူတွေ ဟာ  အော့နှလုံး နာလျက်ရှိကြပါတယ်။

သို့ပါသောကြောင့် ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတွေရဲ့မျက်နှာ အိမ်နီးနားချင်းများအား ကိုယ်ချင်း စာနာမှုမရှိဘဲ ညလုံးပေါက်အိပ်မရအောင် တဒုံးဒုံး တဒိုင်းဒိုင်း ဆူညံပွက်လော ရိုက်နေသော နိုက်ကလပ်မှ ပြည့်တန်ဆာများ၊ အခြောက်များဖြင့် မသင့်မလျော် လုပ်ကိုင်စီးပွား ရှာနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးစိုင်းဆောင်ဆီအား ခွေးသရမ်းကြီး တစ်ကောင် လွတ်နေ သည့်အလား မဖြစ်စေရေး ပြည်သူတို့ခံစားနေရသော ဒုက္ခအပေါင်းအား ထောက်ရှုငဲ့ ညှာသော အားဖြင့် တားဆီးအရေးယူပေးနိုင်ပါရန် အာရုဏ်ဦး တည်းခိုခန်းအနီးနေ အိမ်နီးချင်းများမှ ဟစ်တိုင်တက်ကာ တင်ပြအပ်ပါတယ်။

ကျောက်မဲမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်းဆီကိုယ်တိုင် တရားမ၀င်လုပ် ကိုင် နေသော ညဥ့်နက် သန်းခေါင်ယံမိန်းမငယ်များ လွယ်ကူစွာငွေရှာနိုင်သော နေရာ နိုက်ကလပ်ဟာ ကိုယ်ကျိုး စီးပွားတစ်ခုတည်းကိုသာ ရှေးရူပြီး သူ့နှမ ကိုယ့်နှမ ကိုယ်ချင်းစာနာစိတ် မျိုးချစ်စိတ်ကင်းမဲ့ စွာဖြင့် လုပ်ကိုင် နေခြင်းဖြစ်ပြီး ရိုးသားလှတဲ့ ရှမ်းတိုင်းရင်းသားများရဲ့ယဉ်ကျေးမှုကို ပျက်စီးအောင် လုပ်နေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သာသာနာရောင်ဝါထွန်းလင်းတဲ့ အေးချမ်းတဲ့မြို့ ကျောက်မဲကို တရားဥပဒေလက်လှမ်း မမှီတဲ့ နယ်စပ်မြို့လေးနဲ့မခြား ဖန်တီးလိုက်ခြင်းပဲဖြစ်ပါတယ်။

နိုင်ငံတော်အခြေခံဥပဒေမှာ '' တရားဥပဒေ၏ အထက်တွင် မည်သူမျှမရှိစေရ''ဟု ဆိုထားပါသော် လည်း ဦးစိုင်းဆောင်ဆီသည် တရားဥပဒေအထက်တွင် ရောက်ရှိနေရခြင်းသည် ခရိုင်၊ မြို့နယ်မှာရှိတဲ့ တာဝန် ရှိသူတွေ၊ လာဘ်ပေးလာဘ်ယူ မကင်းရှင်းလို့ (သို့မဟုတ်) နားပင်းပြီး မျက်စိ ကန်းနေချင်ယောင်ဆောင်နေလို့ တစ်ခုခုတော့ဖြစ်မှာ သေချာပါတယ်၊ ဒါကြောင့် မြို့ခံ သားပျို၊ သမီးပျို များ လမ်းမှားမရောက်စေရေး မြို့၏ ရိုးသားစင်ကြယ်သော ဂုဏ်သိက္ခာကို အရောင် မစွန်းစေရေး၊ ပြည့်တန်ဆာလုပ်ငန်းကြောင့် မြို့ခံလူထု၏ လူမှုစီးပွားရေး၊ ကျန်းမာရေးကို မထိခိုက်စေရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီ အား ထိရောက်စွာ အရေးယူပေးပါရန် ဒေသခံပြည်သူလူထုကိုယ်စား လွှတ်တော်သို့ တိုင်ကြားအပ်ပါတယ် ခင်ဗျား-------။

 ကျောက်မဲမြို့သားအမျိုးချစ်သူ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here