Friday, January 25, 2013

ကချင်လူငယ်ဌာနချုပ်မှ ကျင်းပမည့် မနောမောင်/မယ်ပြိုင်ပွဲ

0 comments
ဇန်န၀ါရီ(၂၅)


ကချင်ရိုးရာ   ယဉ်ကျေးမှုနှင့်စာပေအဖွဲ့ချုပ်    လူငယ်ဌာနချုပ်မှ     မနောမယ်နှင့်မနောမောင်ပြိုင်ပွဲ
ကိုမြစ်ကြီး နားမြို့ စီတာပူမနောကွင်းရှ်ိ မဂျွယ်ခန်းမ၌ လာမည့်ဇန်န၀ါရီလ၂၆ရက်နေ့ တွင် ပြုလုပ် ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ကချင်မျိုးနွယ်စုဖြစ်သည့် လော်ဝေါ်၊ လီဆူး၊ ရ၀မ်၊ လချိတ်၊ ဇိုင်ဝါး၊ ဂျိမ်းဖောစသည့် ကချင် မျိုးနွယ်စုများ၏ ရိုးရာဝတ်စုံကို ပြိုင်ပွဲဝင်သူများမှ နှစ်သက်ရာဒီဇိုင်းဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းဖို့နဲ့ ဒီကချင်မျိုးနွယ်စု (၆)ခုပိုမို စည်းရုံးဖို့အတွက် ရည် ရွယ်ပြီး လုပ်တာပါ” ဟု လူငယ်ဌာန၏သတင်းပြန်ကြားရေးတာဝန်ခံ ဦးမရန်ဇော်ယော်က ပြောသည်။

ယခုလက်ရှိတွင်ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အမျိုးသား(၂၅) ဦးနှင့် အမျိုးသမီး (၂၅)ဦးကို ရွေးချယ်ရေး အဖွဲ့မှ စီစစ်ပြီးဖြစ်သည်။

“ကျွန်တော်က ရ၀မ်လူမျိုးပါ။ ရ၀မ်မိတ် (ရ၀မ်ရိုးရာအဆင်)ကိုအနောက်တိုင်းပုံစံနဲ့ချုပ်ပြီး ပြိုင်ပွဲဝင်မှာပါ” ဟု ယင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ပါဝင်မည့် မောင်ရမ်ဆိုင်းက ပြောသည်။

ယင်းမောင်မယ်ပြိုင်ပွဲအတွက် ခန့်မှန်းခြေ မြန်မာကျပ်ငွေသိန်းတစ်ရာကျော် ကုန်ကျမည်ဖြစ်သည်ဟု လူငယ် ဌာနချုပ်ကဆိုသည်။

ကချင်လူငယ်များအနေဖြင့် မောင်မယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်သင့်သော်လည်း ယခုလက်ရှိတွင် ကချင်ပြည် နယ်အနှံ့ပြား၌ စစ်ဖြစ်နေသဖြင့် ယင်းစစ်ပွဲကြောင့် ဒုက္ခရောက်နေသူများ၏ အကျိုး အတွက်လည်း လုပ်
ဆောင်သင့်သည်ဟု မြစ်ကြီးနားမြို့ ဒုက္ခသည်စခန်းတခု၏ တာဝန်ခံ က ပြောသည်။

“သူတို့ဒီပွဲကျင်းပတဲ့ရည်ရွယ်ချက်တွေက ကောင်းမယ်လို့ထင်တယ်၊ ဒါပေမယ့် ပျော်ပွဲဖြစ်နေတော့ ဒုက္ခရောက်နေတဲ့သူတွေက အဲ့ဒါကို ကြည့်ပြီးပိုခံစားရတယ်၊ အခက်ခဲဒုက္ခ တွေ့နေတဲ့သူတွေအတွက် ပိုထိရောက်တဲ့ အလုပ်မျိုး လုပ်မယ်ဆိုရင် ပိုကောင်းတယ်” ဟု ၄င်းက ပြောသည်။

မနော်မယ်နဲ့ မနော်မောင်ပြိုင်ပွဲကို ဦးဆောင်ပြုလုပ်သည့် ကချင်ရိုးရာနှင့်စာပေအဖွဲ့ချုပ် လက်အောက်ရှိ အဆိုပါ လူငယ်ဌာနချုပ်ကို (၂၀၁၂) ခုနှစ် မေလတွင်စတင်ဖွဲ့စည်းခဲ့ပြီး ယခုပြိုင်ပွဲမှာ ဒုတိယအကြိမ်
မြောက်ဖြစ်သည်။

ထိုပွဲသို့ တက်ရောက်ရန်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့စည်းများနှင့် ဘာသာရေးခေါင်းဆောင် များကို ဖိတ်ကြားထားသည်ဟု လူငယ်ဌာနချုပ်က ဆိုသည်။


သတင်း - အမွန်း
Myit Makha Mediagroup

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here