ဇန်န၀ါရီ(၂၅)
တာချီလိတ်မြို့တွင် ယာဉ်သွားယာဉ်လာများ ရှုပ်ထွေးနေမှုနှင့် ယာဉ်/လမ်းစည်းကမ်းများလျော့ ပါး သွားစေ ရန်အပြင် မရှိမဖြစ် လိုအပ်နေသည့် မြို့ပတ်လမ်းကို ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၅)ရက်နေ့က စတင်ပြီး ဖောက်လုပ်နေခဲ့သည်မှာ ယခုဆိုလျှင် (၉၀)ရာခိုင်နှုန်းခန့် ပြီးမြောက်နေ တာကို တွေ့ ရှိရ ပါတယ်။
အဆိုပါ မြို့ပတ်လမ်းကို မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားနီးမှ မေဖလားဝါးကွင်း ထိ ဖောက် လုပ်နေတာဖြစ်ပါတယ်။ ယခုလက်ရှိမှာ လမ်းအား မြေသားနှင့် ကျောက်ခင်းခြင်း အဆင့်များ ပြီးမြောက်ခဲ့ပြီး ကတ္တရာခင်းရန်အတွက် လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။
လောလောဆယ်တွင် အမှတ်(၂)တံတားမှ မေဖလားဝါးကွင်းထိ လမ်းအား ပြီးမြောက်ရန် လုပ်ဆောင် သွားမှာဖြစ်ပြီး ပါလျှံ ဘက်ရှိ အလံနီဖြင့် သတ်မှတ်ထားသော လမ်းကိစ္စကိုတော့ ဆောင်ရွက်ရန် အစီ အစဉ်မရှိသေးကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြော သွားပါတယ်။
မြို့တွင်း မြို့ပတ်လမ်းဖောက်လုပ်နေခြင်းနှင့်ပတ်သက်၍ "တာချီလိတ်မြို့မှာက ကားတွေဆိုင်ကယ်တွေ တအားပေါပြီး ယာဉ်မောင်းသူတွေ စည်းကမ်းမရှိတော့ ယာဉ်တိုက်မှုခဏခဏဖြစ်တယ်..၊ အခု မြို့ပတ် လမ်း ဖောက်နေတယ်ဆိုတော့ ကောင်းတာပေါ့..၊ လမ်းဖောက်ပြီးသွားရင်လည်း ယာဉ်တိုက်မှုတွေ အဖြစ်မများအောင် နဲ့ မြေသယ်ကားတွေ ကုန်တင်ကားတွေ သစ်လုံးသယ်ကားတွေဖြစ်တဲ့ ကားကြီးတွေလည်း လမ်းအသစ်ကပဲသွားဖို့ အတွက် သက်ဆိုင်ရာတွေကလည်း ကြီးကြပ် ဖို့လိုတယ်လေ"ဟု ဆန်ဆိုင်းရပ်ကွက်နေ ရှမ်းအမျိုးသားတစ်ဦးမှ ပြောပါတယ်။
ပြီးခဲ့သော ၂၀၁၂ခုနှစ်အတွင်းက တာချီလိတ်မြို့တွင်းရှိ လမ်း(၁၃)လမ်းအား စည်ပင်သာယာရေးအဖွဲ့မှ ကတ္တရာခင်းလမ်းအဖြစ် ဖောက်လုပ်ခဲ့ကြပြီး အဆိုပါ(၁၃)လမ်း၏ ကုန်ကျငွေမှာ ကျပ်(၃၃၉၂) သိန်း ဖြစ်ကြောင်း သိရပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ
Friday, January 25, 2013
Subscribe to:
Post Comments (Atom)