Tuesday, January 8, 2013

မန္တလေးတွင် ဇန်နဝါရီ၁၄ရက်မှ စတင်ကာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် မော်တော်ဆိုင်ကယ်များကို ထိရောက်စွာအရေးယူသွားမည်

0 comments
Photo: မန္တလေးတွင် ဇန်နဝါရီ၁၄ရက်မှ စတင်ကာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် မော်တော်ဆိုင်ကယ်များကို ထိရောက်စွာအရေးယူသွားမည်
=========================================
မန်းကိုကို ၊ စိုင်းလူဇော်

မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိသော မော်တော်ဆိုင်ကယ်များကို လာမည့် ဇန်နဝါရီ၁၄ရက်မှ စတင်ကာ ထိရောက်စွာ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

 မော်တော်ဆိုင်ကယ်စီးနင်းသူများအနေဖြင့် မြို့တွင်း၌ တစ်နာရီမိုင်၃၀နှုန်းအောက်သာ မောင်းနှင်ရန် နှစ်ယောက်ထက်ပိုမစီးရန် လမ်းပြောင်းပြန်မောင်းနှင်ခြင်း မပြုရန် ဆိုင်ကယ်ဦးထုပ်နှင့် အတူ မေးသိုင်းကြိုးတပ်ဆင် စီးနင်းကြရန် လိုင်စင့်မဲမော်တော်ဆိုင်ကယ်များ မစီးနင်းကြရန်စသည့် အချက်များကို ထုတ်ပြန် ထားပြီးဖြစ်ရာ လိုက်နာမှုရှိမရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဖမ်းဆီး အရေးယူမည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၂ခုနှစ်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်ပါသော ယာဉ်တိုက်မှု၃၃၇မှုဖြစ်ပွားရာ သေဆုံးသူ၁၂၀ဦး ဒဏ်ရာရှိသူ၃၈၅ဦးရှိသည်ဟု ဆိုပါသည်။''၂၀၁၂ ဒီဇင်ဘာတစ်လထဲမှာကို ဆိုင်ကယ်တိုက်မှု ၂၅မှုဖြစ်ပွားပြီး သေဆုံးသူ၁၂ဦးဒဏ်ရာရသူ၂၆ဦးရှိခဲ့ပါတယ်'' ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ ၂၀၁၂ခုနှစ်အတွင်းက လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၂၄၈၀၆၀စီးကိုလည်း ယာဉ်မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိသော မော်တော်ဆိုင်ကယ်များကို လာမည့် ဇန်နဝါရီ၁၄ရက်မှ စတင်ကာ ထိရောက်စွာ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

မော်တော်ဆိုင်ကယ်စီးနင်းသူများအနေဖြင့်မြို့တွင်း၌တစ်နာရီမိုင်၃၀နှုန်းအောက်သာ မောင်းနှင်ရန် နှစ်ယောက်
ထက်ပိုမစီးရန်လမ်းပြောင်းပြန်မောင်းနှင်ခြင်း မပြုရန် ဆိုင်ကယ်ဦးထုပ်နှင့်အတူ မေးသိုင်းကြိုးတပ်ဆင် စီးနင်းကြရန် လိုင်စင့်မဲမော်တော်ဆိုင်ကယ်များ မစီးနင်းကြရန်စသည့် အချက်များကို ထုတ်ပြန် ထားပြီးဖြစ်ရာလိုက်နာမှုရှိမရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဖမ်းဆီး အရေးယူမည်ဟုမန္တလေးတိုင်းဒေသ
ကြီးယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၂ခုနှစ်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်ပါသော ယာဉ်တိုက်မှု၃၃၇မှုဖြစ်ပွားရာ သေဆုံးသူ၁၂၀ဦး ဒဏ်ရာရှိသူ၃၈၅ဦးရှိသည်ဟု ဆိုပါသည်။''၂၀၁၂ ဒီဇင်ဘာတစ်လထဲမှာကို ဆိုင်ကယ်တိုက်မှု ၂၅မှုဖြစ်ပွားပြီး သေဆုံးသူ၁၂ဦးဒဏ်ရာရသူ၂၆ဦးရှိခဲ့ပါတယ်'' ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ ၂၀၁၂ခုနှစ်အတွင်းက လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၂၄၈၀၆၀စီးကိုလည်း ယာဉ်မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
yangon media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here