Tuesday, January 8, 2013

တောင်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက်ခဲ့သည့် တရုတ် ကမ္ဘာလှည့် ခရီးသည် အမျိုးသားများ ပျောက်ဆုံးလျက်ရှိ

0 comments


တောင်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက်ခဲ့သည့် တရုတ် ကမ္ဘာလှည့် ခရီးသည် ၁၉ ဦးခန့် ပျောက်ဆုံး လျက် ရှိကြောင်းကို ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖော်ထုတ် နိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင် များက ဇန်နဝါရီလ ၆ ရက်နေ့က ပြောကြား ခဲ့ပါသည်။

ပျောက်ဆုံးနေသည့် ကမ္ဘာလှည့် ခရီးသည် အားလုံးမှာ အမျိုးသားများ ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Shaanxi ပြည်နယ်နှင့် ၎င်းပြည်နယ်၏ မြို့တော် ဖြစ်သော Xian မြို့မှဖြစ်ကြောင်း ပြည်နယ် အစိုးရက ပြောကြား ခဲ့ပါသည်။ ကမ္ဘာလှည့် ခရီးသည် များမှာ တရုတ် နိုင်ငံ အရှေ့ မြောက်ပိုင်းရှိ Dalian ဆိပ်ကမ်းမြို့မှ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထွက်ခွာခဲ့ပြီး တောင်ကိုရီးယား နိုင်ငံ Inchon မြို့သို့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း တောင်ကိုရီး ယား နိုင်ငံ၏ Yonhap သတင်း ဌာနက ဇန်နဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါ အခြေ အနေအား စုံစမ်း စစ်ဆေးရန် အတွက် Shaanxi ပြည်နယ် လုံခြုံရေး ဌာနမှ အဖွဲ့တစ်ဖွဲ့အား စေလွှတ်ထားကြောင်း သိရှိ ရပါသည်။
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here