Wednesday, January 2, 2013

ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်ဖူးမြော်မှုနှုန်း ပိုမိုမြင့်တက်

0 comments
ဇန်န၀ါရီလ ၂

Photo: ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်ဖူးမြော်မှုနှုန်း ပိုမိုမြင့်တက်  
Wednesday, January 02, 2013  

ရွှေတိဂုံစေတီတော်သို့ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံခြားသား ဧည့်သည် လာရောက် ဖူးမြော်မှုနှုန်းသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍
 လေးနှစ်သက်တမ်း တစ်လျှောက် ဆက်တိုက်မြင့်တက် လာခဲ့ကြောင်း
 ရွှေတိဂုံစေတီတော်၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

ရွှေတိဂုံစေတီတော်သို့ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံခြားသားဧည့်သည် (၃၄၅၃၃၃) သုံးသိန်းကျော် လာရောက်ဖူးမြော်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း ရွှေတိဂုံစေတီတော်သို့လာရောက်ဖူးမြော်ကြသည့် နိုင်ငံခြားသား ဧည့်သည် ၇၈၃၂၃ ဦး၊ ၂၀၀၉ ခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ၁၁၃၅၂၉ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၁၇၅၀၅၄ ဦး၊ ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ၂၂၅၃၈၁ ဦး တက်ရောက်ဖူးမြော်ခဲ့ကြောင်း အဆိုပါ စာရင်းတွင် ဖော်ပြ
ထားသည်။

“ရွှေတိဂုံစေတီတော်ကို  နိုင်ငံခြားသားဦးရေ တက်ရောက်မှုက မလျော့ဘူး၊ ပိုပြီးများလာတယ်၊ ကျွန်တော့်အထင် သိပ်မကြာမီမှာ ပြည်တွင်းဘုရားဖူး ဦးရေနဲ့ ဧည့်သည် နိုင်ငံခြားသား ၀င်ရောက်မှု  တန်းတူဖြစ်လာမှာပါ” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

အဆိုပါ ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြသည့် နိုင်ငံခြားသား ဧည့်သည်များထဲတွင် ပြင်သစ်လူမျိုး၊ ဗြိတိန်လူမျိုးနှင့် ရုရှားလူမျိုးများ တက်ရောက်မှု မြင့်တက်လာခဲ့ကြောင်း သိရပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ  ဗြိတိန်လူမျိုး ၃၂၀၁ ဦး၊ ပြင်သစ်လူမျိုး ၁၃၄၇၈ ဦး၊ ရုရှားလူမျိုး ၃၇၃၅ ဦးတက်ရောက်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင်မှု
 ရွှေတိဂုံစေတီတော် ရင်ပြင်တော်သို့ ဗြိတိန်လူမျိုး ၁၁၇၇၁ ဦးနှင့် ပြင်သစ်
လူမျိုး ၁၅၃၈၆ ဦး၊ ရုရှားလူမျိုး ၆၈၀၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံက တံခါးဖွင့် စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီကို ချီတက်လာတာ ဖြစ်တဲ့အတွက် အခုလို နိုင်ငံတကာက
 နိုင်ငံခြားသား ဧည့်သည်များ ပိုမို ၀င်ရောက်လာရခြင်း ဖြစ်ပါတယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ရွှေတိဂုံစေတီတော်သို့ အရှေ့တောင်အာရှ၊ ဥရောပ၊ အာဖရိက၊
 မြောက်အမေရိက၊ တောင်အမေရိကနှင့် အခြားနိုင်ငံငယ်များ အပါအ၀င်
 နိုင်ငံပေါင်း ၅၇ နိုင်ငံမှ ဧည့်သည်များဝင်ရောက်ဖူးမြော်ခဲ့ကြပြီး လေးနှစ်တာ 
ကာလအတွင်း အခြားနိုင်ငံငယ်များမှ လူမျိုးများ ၀င်ရောက်ဖူးမြော်မှုနှုန်း
 မြင့်တက်လာခဲ့ကြောင်း သိရသည်။

၎င်းအပြင်၂၀၁၂ ခုနှစ် အတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားများမှ အလှူငွေ အမေရိကန်ဒေါ်လာ ၁၄၁၅၁၃၉  ဒေါ်လာ နှင့် ၈၃၁၃၆ FEC  ရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကမူ  နိုင်ငံခြားသားများမှ အလှူငွေ အမေရိကန် ဒေါ်လာ ၅၅၈၈၂၀ ဒေါ်လာနှင့် ၅၆၈၀၈၅ FEC  ရရှိခဲ့ကြောင်း သိရသည်။

ပြေီးခဲ့သည့် လေးနှစ်တာ ကာလတစ်လျှောက် နိုင်ငံခြားသားဧည့်သည် တက်ရောက်ဖူးမြော်မှုစာရင်း

၂၀၀၈ ခုနှစ်      ၇၈၃၂၃ ဦး          US+FEC  187480+ 204135

၂၀၀၉ ခုနှစ်      ၁၁၃၅၂၉ ဦး        US+FEC  261261+ 306384

၂၀၁၀ ခုနှစ်      ၁၇၅၀၅၄ ဦး        US+FEC  482362+ 392908

၂၀၁၁ ခုနှစ်      ၂၂၅၃၈၁ ဦး        US+FEC  558820+ 568085

၂၀၁၂ ခုနှစ်      ၃၄၅၃၃၃ ဦး        US+FEC  1415139+83136


eleven media group
ရွှေတိဂုံစေတီတော်သို့ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံခြားသား ဧည့်သည်လာရောက် ဖူးမြော်မှုနှုန်း
သည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍လေးနှစ်သက်တမ်း တစ်လျှောက် ဆက်တိုက်မြင့်တက် လာခဲ့ကြောင်း
ရွှေတိဂုံစေတီတော်၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

ရွှေတိဂုံစေတီတော်သို့ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံခြားသားဧည့်သည် (၃၄၅၃၃၃) သုံးသိန်းကျော် လာရောက်
ဖူးမြော်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း ရွှေတိဂုံစေတီတော်သို့လာရောက်ဖူးမြော်ကြသည့် နိုင်ငံခြားသား
ဧည့်သည် ၇၈၃၂၃ ဦး၊ ၂၀၀၉ ခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ၁၁၃၅၂၉ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၁၇၅၀၅၄ ဦး၊ ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ၂၂၅၃၈၁ ဦး တက်ရောက်ဖူးမြော်ခဲ့ကြောင်း အဆိုပါ စာရင်း
တွင် ဖော်ပြထားသည်။

“ရွှေတိဂုံစေတီတော်ကို နိုင်ငံခြားသားဦးရေ တက်ရောက်မှုက မလျော့ဘူး၊ ပိုပြီးများလာတယ်၊ ကျွန်တော့်
အထင် သိပ်မကြာမီမှာ ပြည်တွင်းဘုရားဖူး ဦးရေနဲ့ ဧည့်သည် နိုင်ငံခြားသား ၀င်ရောက်မှု တန်းတူဖြစ်လာ
မှာပါ” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

အဆိုပါ ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြသည့် နိုင်ငံခြားသား ဧည့်သည်များထဲတွင် ပြင်သစ်
လူမျိုး၊ ဗြိတိန်လူမျိုးနှင့် ရုရှားလူမျိုးများ တက်ရောက်မှု မြင့်တက်လာခဲ့ကြောင်း သိရပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဗြိတိန်လူမျိုး ၃၂၀၁ ဦး၊ ပြင်သစ်လူမျိုး ၁၃၄၇၈ ဦး၊ ရုရှားလူမျိုး ၃၇၃၅ ဦးတက်
ရောက်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင်မှုရွှေတိဂုံစေတီတော် ရင်ပြင်တော်သို့ ဗြိတိန်လူမျိုး ၁၁၇၇၁ ဦးနှင့်
 ပြင်သစ်လူမျိုး ၁၅၃၈၆ ဦး၊ ရုရှားလူမျိုး ၆၈၀၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံက တံခါးဖွင့် စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီကိုချီတက်လာတာ ဖြစ်တဲ့အတွက် အခုလို နိုင်ငံတကာကနိုင်ငံခြားသား ဧည့်သည်များ ပိုမို ၀င်ရောက်လာရခြင်း ဖြစ်ပါတယ်” ဟု ရွှေတိဂုံစေ
တီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ရွှေတိဂုံစေတီတော်သို့အရှေ့တောင်အာရှ၊ဥရောပ၊အာဖရိက၊မြောက်အမေရိက၊ တောင်အမေရိကနှင့်
အခြားနိုင်ငံငယ်များအပါအ၀င်နိုင်ငံပေါင်း၅၇ နိုင်ငံမှဧည့်သည်များဝင်ရောက်ဖူးမြော်ခဲ့ကြပြီး လေးနှစ်တာ
ကာလအတွင်း အခြားနိုင်ငံငယ်များမှ လူမျိုးများ ၀င်ရောက်ဖူးမြော်မှုနှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

၎င်းအပြင်၂၀၁၂ ခုနှစ် အတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားများမှ အလှူငွေ အမေရိကန်ဒေါ်လာ ၁၄၁၅၁၃၉ ဒေါ်လာ နှင့် ၈၃၁၃၆ FEC ရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကမူ နိုင်ငံခြားသားများမှ အလှူငွေ အမေရိကန် ဒေါ်လာ ၅၅၈၈၂၀ ဒေါ်လာနှင့် ၅၆၈၀၈၅ FEC ရရှိခဲ့ကြောင်း သိရသည်။

ပြေီးခဲ့သည့် လေးနှစ်တာ ကာလတစ်လျှောက် နိုင်ငံခြားသားဧည့်သည် တက်ရောက်ဖူးမြော်မှုစာရင်း

၂၀၀၈ ခုနှစ် ၇၈၃၂၃ ဦး US+FEC 187480+ 204135

၂၀၀၉ ခုနှစ် ၁၁၃၅၂၉ ဦး US+FEC 261261+ 306384

၂၀၁၀ ခုနှစ် ၁၇၅၀၅၄ ဦး US+FEC 482362+ 392908

၂၀၁၁ ခုနှစ် ၂၂၅၃၈၁ ဦး US+FEC 558820+ 568085

၂၀၁၂ ခုနှစ် ၃၄၅၃၃၃ ဦး US+FEC 1415139+83136

eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here