Wednesday, January 2, 2013

ရခိုင်ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းမှုဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်း

0 comments
ဇန်န၀ါရီလ ၂

Photo: ရခိုင်ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းမှုဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်း
Wednesday, January 02, 2013 

ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများပေါ် အခြေခံ၍ ရခိုင်ပြည်နယ်
တွင်း တည်ငြိမ်အေးချမ်းမှုဖော်ဆောင်ရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့မှ
အချက် ၁၁ ချက်ပါ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ထုတ်ပြန်
လိုက်ကြောင်းသိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေးအစွန်းရောက်
သူများ၏ လှုံ့ဆော်ဖန်တီးမှုကြောင့်အပြစ်မဲ့ မိသားစုများ ဒုက္ခရောက်ကြ
ရသဖြင့် ယနေ့အချိန်၌နှစ်ဖက်လူထုမှ ဆင်ခြင်ဥာဏ်ဖြင့် အမှန်ကိုဆောင်၍
အမှားကိုရှောင်ရန် အချိန်ကြရောက်ပြီဖြစ်ကြောင်းနှင့်နိုင်ငံတော်အစိုးရမှ
တည်ဆဲဥပဒေနှင့်အညီလုပ်ကိုင်ဆောင်ရွက်နေသည့် လုံခြုံရေး၊ လူဝင်မှု၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စအားလုံကိုကြိုဆိုကြောင်း၊
 ဒေါသများကို လျော့ချပြီး ပွင့်လင်းမြင်သာသော ရိုးသားခြင်းဂုဏ်ကို
 ဖော်ဆောင်နိုင်မှ တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သောဒေသတစ်ခုကို
တည်ဆောက်နိုင်မည်ဖြစ်ကြောင်းဖြင့် ဖော်ပြထားခဲ့သည်။

အဆိုပါအဖွဲ့အား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်းရေးအတွက်
ဆောင်ရွက်မည့် လူမျိုးဘာသာမရွေးဝင်ရောက်လက်တွဲနိုင်ကြောင်း၊ 
တရားဥပဒေစိုးမိုးမှု၊နိုင်ငံသားစိစစ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူ
ညီမျှရေးအချက် ၄ ချက်ဖြင့် ဖော်ဆောင်သွားရန်လိုအပ်ကြောင်း၊ မည်သည့်အနှောင်အဖွဲ့မှ မပါသော လူမှုကူညီမှု အဖွဲ့အစည်းတစ်ခုသာဖြစ်
ကြောင်း အဖွဲ့၏ သဘာပတိ ဦးတင်မြင့်ကပြောသည်။

အဆိုပါ အဖွဲ့ဖွဲ့စည်းခြင်းနှင့် သတင်းစာရှင်းလင်းပွဲအခမ်းအနားကိုယနေ့ 
မွန်းလွဲ ၂ နာရီက ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ပြုလုပ်ခဲ့သည်။

Popular Myanmar News Journal
ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများပေါ် အခြေခံ၍ ရခိုင်ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းမှုဖော်

ဆောင်ရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့မှအချက် ၁၁ ချက်ပါ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့
ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေးအစွန်းရောက်သူများ၏လှုံ့ဆော်ဖန်တီးမှုကြောင့်

အပြစ်မဲ့မိသားစုများ ဒုက္ခရောက်ကြရသဖြင့်ယနေ့အချိန်၌နှစ်ဖက်လူထုမှ ဆင်ခြင်ဥာဏ်ဖြင့်အမှန်ကိုဆောင်
၍အမှားကိုရှောင်ရန် အချိန်ကြရောက်ပြီဖြစ်ကြောင်းနှင့်နိုင်ငံတော်အစိုးရမှတည်ဆဲဥပဒေနှင့်အညီလုပ်ကိုင်
ဆောင်ရွက်နေသည့် လုံခြုံရေး၊ လူဝင်မှု၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စအားလုံကိုကြို
ဆိုကြောင်း၊ဒေါသများကို လျော့ချပြီးပွင့်လင်းမြင်သာသောရိုးသားခြင်းဂုဏ်ကိုဖော်ဆောင်နိုင်မှတည်ငြိမ်အေး
ချမ်း၍ ဖွံ့ဖြိုးတိုးတက်သောဒေသတစ်ခုကိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်းဖြင့် ဖော်ပြထားခဲ့သည်။

အဆိုပါအဖွဲ့အား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်းရေးအတွက်ဆောင်ရွက်မည့် လူမျိုးဘာသာ

မရွေးဝင်ရောက်လက်တွဲနိုင်ကြောင်း၊ တရားဥပဒေစိုးမိုးမှု၊နိုင်ငံသားစိစစ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီ
မျှရေးအချက် ၄ ချက်ဖြင့် ဖော်ဆောင်သွားရန်လိုအပ်ကြောင်း၊ မည်သည့်အနှောင်အဖွဲ့မှ မပါသော လူမှုကူ
ညီမှု အဖွဲ့အစည်းတစ်ခုသာဖြစ်ကြောင်း အဖွဲ့၏ သဘာပတိ ဦးတင်မြင့်ကပြောသည်။

အဆိုပါ အဖွဲ့ဖွဲ့စည်းခြင်းနှင့် သတင်းစာရှင်းလင်းပွဲအခမ်းအနားကိုယနေ့ မွန်းလွဲ၂နာရီက ရွှေဂုံတိုင်ရှိ တော်

ဝင်နှင်းဆီခန်းမ၌ပြုလုပ်ခဲ့သည်။

Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here