Wednesday, January 2, 2013

လုပ်ငန်းများ ဆောင်ရွက်ရာ၌ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက် တစ်ဦးချင်း တာဝန် ယူမှု၊ စုပေါင်း တာဝန်ယူမှု၊ စုပေါင်း ဆုံးဖြတ်မှုကို အကောင် အထည်ဖော်

0 comments
ဇန်န၀ါရီလ  ၂

 
  ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပထမ အကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်း အဝေးများ ကျင်းပရေး ညှိနှိုင်း အစည်း အဝေးတွင် အဖွင့်အမှာ စကား ပြောကြားစဉ်။
 
ပထမအကြိမ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးများ ကျင်းပရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူ သီရိဆောင် အစည်းအဝေး ခန်းမ၌ ကျင်းပရာပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စု ဝန်ကြီးများနှင့် လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြား ရာတွင် ယခု ပထမ အကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးများ ကျင်းပတော့မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာ၌ မိမိ တာဝန် ကို ကျေပွန်အောင် ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့  ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စများ ရှိပါက အချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြ ရန်လည်း လိုအပ်ကြောင်း၊ တစ်ဦးချင်း တာဝန်ယူမှု၊ စုပေါင်း တာဝန်ယူမှု၊ စုပေါင်း ဆုံးဖြတ်မှုကို အကောင် အထည်ဖော် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေး နှစ် အမျိုးသား စီမံကိန်း ဥပဒေ၊ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေနှင့် အခွန် ဥပဒေများ ပြဋ္ဌာန်းရန် ရှိပါကြောင်း၊ SEZ နှင့် မြန်မာနိုင်ငံ သားများ ရင်းနှီး မြှုပ်နှံမှု ဥပဒေများ အပါအဝင် အခြား အရေးကြီးသော ဥပဒေ များလည်း ပြဋ္ဌာန်းရန် ရှိပါကြောင်း၊ ယင်းသို့ ပြဋ္ဌာန်းရာတွင် လွှတ်တော် ကိုယ်စား လှယ်များ နှင့် အတူ ဌာန ဆိုင်ရာများ၊ ပညာရှင်များ၊ စိတ်ဝင်စားသော နိုင်ငံသားများ ဥပဒေပြု ရေးတွင် ပါဝင်နိုင်ရေး အတွက် ဆောင်ရွက်ရန် လိုပါကြောင်း၊ စီမံခန့်ခွဲရေး၊ လုံခြုံရေးနှင့် အခြားကဏ္ဍ များတွင်ပြည့်စုံ လုံလောက် စွာ ဆောင် ရွက် ပေးကြစေ လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် လွှတ်တော် အစည်း အဝေးများ ကျင်းပရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူး လွှတ်တော် ရုံးညွှန် ကြားရေးမှူးချုပ် ဦးကျော်စိုးက ဗဟို ကော်မတီနှင့် လုပ်ငန်း ကော်မတီများ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြ သည်။

ထို့နောက် ပြည်ထဲရေးဝ န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက  လွှတ်တော်နှင့် စပ်လျဉ်းသည့် လုံခြုံရေး လုပ်ငန်းဆိုင်ရာ များကိုလည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် က လွှတ်တော် ကျင်းပစဉ် ကာလအတွင်း သတင်း ထုတ်ပြန် ဖော်ပြနိုင်ရေး အတွက် ဆောင်ရွက်သွားမည့် ပြန်ကြားရေး လုပ်ငန်း ဆိုင်ရာများ ကိုလည်းကောင်း၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွန့်က တည်းခိုရေးနှင့် နေရာ ချထားရေး လုပ်ငန်း ဆိုင်ရာများကို လည်းကောင်း၊ ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်းက ဆက်သွယ်ရေး၊ အသံ ထိန်း စနစ်နှင့် ဆန္ဒမဲပေး စက်ခလုတ် ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ် ထွန်းအောင်က သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင်က လွှတ်တော် အစည်းအဝေးသို့ တက်ရောက် လာကြမည့် လွှတ်တော် ကိုယ်စားလှယ်များ အတွက် ဆောင်ရွက် ပေးသွားမည့် သယ်ယူပို့ ဆောင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ကျန်းမာရေး ဆိုင်ရာ လုပ်ငန်း အခြေအနေ များကို လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က အခမ်းအနား ပြင်ဆင်ရေး လုပ်ငန်း ဆိုင်ရာများကို လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က ဧည့်ခံ ကျွေးမွေးရေး လုပ်ငန်းဆိုင်ရာ များကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ် ကဏ္ဍများကို  လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြကြောင်း သတင်း ရရှိသည်။
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here