Tuesday, January 8, 2013

မအောင်မြင်သေးတဲ့ ကွမ်းယာ တိုက်ဖျက်ရေး လှုံ့ဆော်ချက်များ

0 comments



ကွမ်းယာ ယူမလာပါနဲ့ လို့  ဂိတ်တံခါးမှာ သတိပေးစာ ကပ်ထားတာကိုရန်ကုန်မြို့တော်ခန်းမရှေ့ ဖြတ်သွား
ရင် တွေ့ရမှာပါ။
ကွမ်းယာ ယူဆောင်မလာရ  တဲ့။

ကွမ်းတံတွေး နေရာတကာ ထွေးထုတ်ကြလို့ ဒီလို တားမြစ်ထားဟန်တူပါတယ်။ ကွမ်းယာ ယူမလာရင် ကွမ်းမစားတော့ဘူး၊ မစားရင် မထွေးတော့ဘူး မညစ်ပတ်တော့ဘူးပေါ့လေ။
သတိပေးချက် လိုက်နာရင်တော့ ကွမ်းတံတွေးကင်းစင်တဲ့ မြို့တော်ခန်းမ ဖြစ်မှာပါ။ သို့သော်လည်းရန်ကုန်
မြို့တော်ခန်းမထဲ တာဝန်ကျဝန်ထမ်းတွေက ကွမ်းကို မဖြတ်နိုင်တော့ ဒီစာရွက်က လူမြင်ကောင်းအောင် ကပ်ထားတဲ့ သတိပေးချက် ဖြစ်နေပါတော့တယ်။
တားမြစ်သတိပေးချက် ဆိုတာ မရှိတာထက် စာရင် ရှိတာက ပိုကောင်း၊ ပိုထိရောက် သင့်တော်မယ်လို့ ယူဆကြမယ် ထင်ပါတယ်။

အပျင်းပြေဖို့၊ ခံတွင်းချဉ်နေလို့၊ စွဲနေလို့၊ ပါးစပ် မနံအောင်လို့၊ အိပ်မငိုက်အောင် ....  စသဖြင့် စသဖြင့် အကြောင်းပြချက်တခုခုနဲ့ကွမ်းစားနေ၀ါးနေသူတွေကို မြို့တော်ခန်းမမှာသာမက နေရာတကာမှာ တွေ့ရမှာပါ။

ကွမ်းယာသုံးဆောင်သူတွေ အင်အားဘယ်လောက်ကောင်းတယ်၊ အရေအတွက် ဘယ်လောက်များတယ် ဆိုတာ နေရာတကာမှာ တွေ့ရတဲ့ ကွမ်းယာဆိုင်တွေကိုကြည့်ရင် ခန့်မှန်းနိုင်ပါတယ်။
ဆင်ဝင်အောက်မှာတော့ ကွမ်းတံတွေးထွေးနေပါတယ်။

မြန်မာပြည်အနှံ့ လူကြီးလူငယ် ကျားမ မရွေး နှစ်သက်တတ်ကြတဲ့ ဒီကွမ်းယာနဲ့ ပတ်သက်ပြီး စည်ပင်သာယာဌာနကလည်း တခါတရံ တားမြစ်ပိတ်ပင်တာတွေ ကန့်သတ်တာတွေ လုပ်ပါတယ်။
ဥပမာ - ရန်ကုန်မြို့တွင်း မြို့နယ်အများအပြားမှာ ကွမ်းယာရောင်းခွင့် ပိတ်လိုက်တာမျိုး။

ဆေးပညာရှင်တွေကလည်းကွမ်းယာစားခြင်းရဲ့ဆိုးကျိုးတွေကိုထောက်ပြပြီးမစားသင့်တဲ့အရာအဖြစ်  ရေးသား
 ပြောဆို ပညာပေးတာမျိုး စာစောင်တချို့မှာ ဖတ်ကြရမှာပါ။
ကင်ဆာ ဖြစ်တတ်တယ် ဆိုတာမျိုးနဲ့ သတိပေးထားတာကို ဖတ်မိလို့  ကွမ်းပြတ်သွားသူ ဆိုတာကို မတွေ့ဖူးသလောက်ပါပဲ။

ဒီလို ကန့်သတ်၊ ကန့်ကွက်မှုတွေ ရှိနေသော်လည်း ကွမ်းယာယဉ်ကျေးမှုက ပို၍ပို၍သာ ထွန်းကားလာ၊ ကွမ်းယာဆိုင်အရေအတွက် တနေ့တခြား ပိုမို တိုးပွားလာနေပါတယ်။
စားသုံးသူအရေအတွက်လည်း ထိုနည်းလည်းကောင်းပါပဲ၊ လျော့ကျသွားဟန် မတူပါဘူး။

အထင်ကရပုဂ္ဂိုလ်တွေ၊ အများလေးစားသူတွေဆီက ကွမ်းယာဆန့်ကျင်ရေး လှုံ့ဆော်ချက် တခါတရံ ထွက်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် ကွမ်းစားခြင်းဓလေ့က ပန်းပန်လျက်ပါပဲ။
ဧရာဝတီ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်-မန္တလေး ကားလမ်းပေါ်က စားသောက်ဆိုင်တခုမှာဖွင့်ထားတဲ့ ကွမ်းယာဆိုင် မြင်ကွင်း။ ကွမ်းထုပ်တွေကို နှပ်ဆေး၊ ဗမာဆေး၊ နိုင်တီတူး စသဖြင့် အမည်ပေးထားပါတယ်။
ရန်ကုန်မြို့တော်ခန်းမ အရာရှိများ ဒီတားမြစ်စာ ချိတ်ဆွဲခြင်းရဲ့ ရည်ရွယ်ချက်က ကွမ်းတံတွေးနီနီတွေ ရုံးတွင်းရုံးပြင် မရှိစေရေး ဖြစ်ပါလိမ့်မယ်။
ဒီစာကို ကွန်ပျူတာစာစီသူက ကွမ်းတ၀ါးဝါးနဲ့ ပရင့်အောက်လိုက်တာမျိုးတောင် ဖြစ်နိုင်ပါတယ်။
ဒီစာ ကပ်ထားဖို့ စီစဉ်ညွှန်ကြားသူတွေလည်း ကွမ်းကြိုက်သူများ ဖြစ်နိုင်ပါတယ်။

ကွမ်းယာစားခြင်းက အရိုးစွဲနေပါပြီ။
မစားဖို့ တိုက်တွန်းလှုံ့ဆော်ချက် အောင်မြင်ရေးဆိုတာ အလားအလာ မရှိဘူး လို့ ထင်ပါတယ်။
ဒါပေမယ့် ကွမ်းတံတွေး စနစ်တကျ ထွေးကြဖို့ ဆိုတာကတော့ လှုံ့ဆော်ချက်၊ သတိပေးချက်တွေ ထိထိရောက်ရောက် လုပ်ဆောင်ကြ၊ စည်းကမ်းချက်တွေ သတ်မှတ်ကြမယ် ဆိုရင် လာမယ့်နှစ်တွေအတွင်း အတန်အသင့် အောင်မြင်လာဖွယ် ရှိတယ်လို့ ယူဆပါတယ်။
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here