Thursday, September 19, 2013

သက်တမ်း လွန် ငွေဖြည့် ကတ် များ တစ်လ အတွင်း ပြန်လဲ ပေးမည်

0 comments


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း က ဖြန့်ဖြူး ရောင်းချ နေ သော မိုဘိုင်းလ်ဖုန်း ကြိုတင် ငွေဖြည့် ကတ် များ မှာ သတ်မှတ် ကာလ ထက် ကျော်လွန်နေ သော်လည်း ရောင်းချ သုံးစွဲ ရခြင်း မရှိေ သး သော သက်တမ်းလွန် ကတ်များ ကို သက်ဆိုင်ရာ ကိုယ်စားလှယ် များ မှ တစ်ဆင့် တစ်လ အ တွင်း ပြန်လည် လဲလှယ် ပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းလ် ဌာန မှ တာဝန်ရှိသူ တစ်ဦး က ပြောကြား သည်။

သက်ဆိုင်ရာ တရားဝင် ကိုယ်စားလှယ် များ က အကြောင်း အမျိုးမျိုး ကြောင့် မရောင်းချ လိုက် ရသော သက်တမ်းလွန် ငွေဖြည့်ကတ် များကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သက်တမ်း တိုးပေး နိုင်ခြင်း မရှိသော် လည်း ကတ် အသစ်ဖြင့် အစားထိုး ပေးနိုင် မည် ဖြစ်ကြောင်း ပြည်သူ့  ဝန်ဆောင်မှု လုပ်ငန်းများ စွမ်း ဆောင်ရည် အကဲဖြတ် အဖွဲ့က ကြေညာ ထားသည်။ “လဲလှယ် ပေး တာ ကတော့ GSM, CDMA, WCDMA အကုန်လုံးပဲ။ တရားဝင် ကိုယ်စားလှယ် တွေ က Customer တွေဆီ က သက်တမ်း လွန် ငွေဖြည့်ကတ် တွေ ကို စုထားပြီး လာပို့ပေး ရတယ်။ အဲဒီ ကတ်တွေ ကို MPT မှာ သုံးပြီး မသုံးပြီး လာစစ်ပြီး တော့မှ လဲပေးတာ” ဟု အဆိုပါ မိုဘိုင်းလ် ဌာနမှ အရာရှိ တစ်ဦး က ဆိုသည်။

သက်တမ်းလွန် ငွေဖြည့်ကတ် များ ကို သက်တမ်းကုန် သည့် နေ့ရက် မှ တစ်လ အတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တရားဝင် ကိုယ်စားလှယ် က အခ ကြေးငွေ မယူ ဘဲ ငွေဖြည့် ကတ် အသစ် ဖြင့် အစားထိုး ပြန်လည် ထုတ်ပေး နေကြောင်း၊ ကိုယ်စားလှယ် ဆိုင်များ လက်ခံ ထားသော သက်တမ်း လွန် ငွေဖြည့်ကတ် များ ကို နောက်ထပ် တစ်လ အတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သို့ အပ်ရမည် ဖြစ်ကြောင်း ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင် ရည် အကဲဖြတ် အဖွဲ့က ကြေညာ ထားသည်။

“ငွေဖြည့်ကတ် သက်တမ်း လွန် သွားတာမျိုး တော့ ဆိုင်မှာ တော့ သိပ် မကြုံဘူး။ အနည်း အကျဉ်း ပါ။ ပြန်လဲရင် အလုပ်ရှုပ် လို့ တစ်ခု နှစ်ခု လောက်ဆို မလဲ ဖြစ်ဘူး” ဟု ရန်ကုန်မြို့ရှိ Star Mobile ဆိုင်မှ တာဝန် ရှိသူ ဦးဇော်မင်း က ဆိုသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း က မိုဘိုင်းလ် ဖုန်း ငွေဖြည့် ကတ်များ အတွက် လိုအပ် သော အချက် အလက် များ ကို မှတ်တမ်း ပြု လုပ် ၍ ဖြန့် ဖြူး ရောင်းချ မည့် သက်ဆိုင်ရာ ကုမ္ပဏီ ထံသို့ လွှဲပြောင်း ပေးရာတွင် ငွေဖြည့်ကတ် သက် တမ်း ( Expiry Date ) ကို မှတ်တမ်း စတင် ပြုလုပ် သည့် ရက်မှ စတင် ၍ ခြောက်လ သတ် မှတ် ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း က ထုတ်ပြန် ထားသည် ဟု သိရှိရ ပါသည်။

The Voice Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here