Friday, January 18, 2013

တရားမ၀င် နယ်စပ်ကုန်သွယ်မှုကို တင်းကြပ်စွာ စစ်ဆေး

0 comments


 ဓာတ်ပုံ-မန်းသားလေး(ဧရာဝတီ)

မန်းသားလေး~
  
တရားမ၀င် နယ်စပ်ကုန်သွယ်မှုအပိုင်းကို Mobile Team အဖွဲ့ ဖွဲ့စည်းပြီးတင်းကြပ်သော စစ်ဆေးမှုများကို ဇန်န၀ါရီလ စတင်ပြီး ဆောင်ရွက်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။ Mobile Team အဖွဲ့သည် ပညာပေးကာလကို ၂လသတ်မှတ်ဆောင်ရွက် ခဲ့ပြီး ယင်း၂ လအတွင်း တရားမ၀င်ကုန်သွယ်မှုဆိုင်ရာများကို အသိပေး သတိပေးဆောင်ရွက်ခဲ့သည်။ 


နောင်ချိုတွင် Mobile Team အဖွဲ့မှ ဖမ်းဆီးရမိသည့် တရားမ၀င် ကုန်ပစ္စည်းများကို တွေ့မြင်ရစဉ်


ဇန်န၀ါရီလ ပထမပတ်စတင်ပြီး တရားမ၀င် ကုန်သွယ်မှုများကို ကြားဖြတ်ဝင်ရောက် ဖမ်းဆီးခဲ့ရာ တစ်လ အတွင်း အမှုပေါင်း ၁၆မှုနှင့် ကာလတန်ဖိုး ငွေကျပ် ၆၉၃သိန်းကျော် ဖမ်းဆီးခဲ့သည်။ နိုင်ငံတော်အတွက် လိုင်စင်လုပ်ဆောင်မှုဖြင့် ငွေကျပ် ၂၆၄သိန်း ဘဏ္ဍာငွေတိုးပွားခဲ့ကြောင်းသိရသည်။ 

ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများကို ပိုင်ရှင်လာရောက်ရွေးယူပါက ပစ္စည်း၏ တန်ဖိုးထက် ၂ဆ ဒဏ်ကြေး  
ဆောင်ရမည် ဖြစ်ပြီး လာရောက် ယူဆောင်ခြင်းမပြုပါက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူကာ လေလံ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်း က ပြောသည်။ 


နောင်ချိုတွင် Mobile Team အဖွဲ့မှ ဖမ်းဆီးရမိသည့် တရားမ၀င် ကုန်ပစ္စည်းများကို တွေ့မြင်ရစဉ်။

 တရားမ၀င် ကုန်သွယ်မှုတွင် ပုတ်သိုးကုန်များ ပါလာက နေ့ချင်း မီးရှို့ဖျက်ဆီးသွားမည် ဖြစ်ပြီး ယင်းတွင် အအေးခဲ ကြက်သား၊ အမဲသားနှင့် ကြက်ဥများ ပါဝင်ကြောင်း ၄င်းက ပြောသည်။ ယင်းအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးသည့်အတွက် ပုံမှန်စစ်ဆေးရေးဂိတ်များမှ ကုန်ပစ္စည်းများကို ယခင်ကထက် ပိုမိုရှာဖွေ စစ်ဆေး  လျှက် ရှိနေကြောင်း၊ ယင်းသို့ ကားများကို အသေးစိတ်စစ်ဆေးမှုများတွက် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေး စခန်းတွင် ယာဉ်တန်းများ ပိတ်နေသည်မှာ ၂ရက်တိုင်တိုင် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ 


 

 
The Irrawaddy's Blog »

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here