Wednesday, January 2, 2013

လူချမ်းသာတွေကို အခွန် ၇၅ % ကောက်ဖို့ ပြင်သစ်သမ္မတ ကြိုးစား

0 comments

ဇန်န၀ါရီလ  ၂


အစိုးရက အခွန်တိုးကောက်ရင် သူတို့ တိုင်းပြည်အပြင် ထွက်နေမယ်လို့ဆိုသူ မင်းသား Gerard Depardieu
တရားရုံးကအခြေခံဥပဒေနဲ့မညီပါဘူးလို့ ဆုံးဖြတ်တဲ့ကြားက ပြင်သစ်သမ္မတဖရန်ဆွာအော်လန်းကတိုင်း
ပြည်ရဲ့ လူချမ်းသာတွေကို အခွန် ၇၅ ရာခိုင်နှုန်း ကောက်ခံဖို့ ထပ်ကြိုးစားမယ်လို့ ပြောပါတယ်။
ခရစ်နှစ်ကူး တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းမှာ တရားရုံး ဆုံးဖြတ်ချက်ကို ပြောင်းပြန်ဖြစ်အောင် လုပ်မယ်လို့ ထည့်သွင်းပြောပါတယ်။
တကယ်တော့တရားရုံးက အခွန်တိုးကောက်မယ့်ကိစ္စကိုသုံးသပ်ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ၊ဥပဒေကြမ်းလုပ်
ထုံးလုပ်နည်းဆိုင်ရာ ကိစ္စတွေကိုသာ ထောက်ထား ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်ကြီးတွေကတော့ အစိုးရဟာ လူချမ်းသာတွေ တိုင်းပြည်က ထွက်သွားအောင် လုပ်တာပဲလို့ ပြောပါတယ်။
ရုပ်ရှင်မင်းသား Gerard Depardieu အပါအဝင် နာမည်ကျော် တချို့ကတော့သူတို့ တခြားနိုင်ငံသွားနေကြမယ်
လို့ ဆိုပါတယ်။
MJ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here