Friday, February 1, 2013

၂၀၁၃ ရှမ်းပြည်နယ်နေ့ကို ရန်ကုန်မြို့ရှိ၊အမျိုးသားဇာတ်ရုံတွင်၊ (၇ .၂ .၂၀၁၃) ရက်နေ့၊ နေ့လည် (၁း၀၀) နာရီ မှ စတင်ကျင်းပမည်ဖြစ် ပါသည်။

0 comments
ဖေဖော်ဝါရီ(၁)
ရန်ကုန်တွင် ၆၄ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ ကျင်းပနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ကျောက်မဲမိသားစု (ရန်ကုန်) အနေဖြင့်ယခုနှစ်တွင် ကျောက်မဲမြို့မှ ဒေသထွက် နာမည်ကျော် မိုင်းတင်းဝက်သားချဉ်၊ ဝါဆိုလက်ဖက် အကြော်စုံနှင့် ကျားငါးကောင် ရှမ်းရိုးရာ တိုင်းရင်းဆေးဝါးများကိုပါရောင်းချပေးမှာဖြစ်ပါတယ် ။ ကျောက်မဲဆိုင်ကို လာရောက် အားပေးသူများကို ရွှေFMရဲ့ အစီအစဉ်ဖြင့်စတုဒီသာဧည့်ခံနိုင်ရန်အတွက် ကိုလည်း စီစဉ်နေပါသည်။

ထူးခြားချက်အနေဖြင့် ကျောက်မဲမြို့မှ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ကနေ ရှမ်းပြည်နယ်နေ့/ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံများကို ဟောပြောမည်ဖြစ်ပြီး၊ ရှမ်းရိုးမကအိုးစည်သံနှင့် အတူရှမ်းရိုးရာအကများဖြင့်လည်းဖျော်ဖြေတင် ဆက်မည်ဖြစ်ပါသည်။

ဖျော်ဖြေရေးအစီအစဉ်များကို ကျောက်မဲမြို့ရှမ်းစာ/ယဉ်က တာဝန်ယူပြီး ရန်ကုန်မြို့ သို့သွားရောက် တင်ဆက်ကြမည်ဖြစ်ပါသည်။ထို့ကြောင့် ရန်ကုန်ရောက်ကျောက်မဲသူ/သားများနှင့်တကွ ပါဝင်ဆင်နွှဲလို သူမိတ်ဆွေများအားလုံးကို လေးစားစွာဖြင့် အသိပေးဖိတ်ကြားအပ်ပါသည်။


ကျောက်မဲ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here