Sunday, January 6, 2013
တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွားမှု စစ်ရှိန်လျော့ကျသွားခြင်း မရှိသေး
0 comments
 ha-6-1-3
တပ်မတော်နှင့် KIA တို့အကြားတိုက်ပွဲဖြစ်ပွားမှု စစ်ရှိန် လျော့ကျသွားခြင်း မရှိသေးကြောင်းKIOမှ ပြောရေး
ဆိုခွင့်ရှိသူ ဦးလနန်က ဇန်န၀ါရီလ ၅ ရက်နေ့နံနက်ပိုင်းတွင် Eleven Media Group သို့ပြောကြားခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုသည် ဒီဇင်ဘာလအတွင်းမှ စတင်ပြီး ပိုမိုပြင်းထန်လာခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ်သို့ ရောက်ရှိ
အချိန်အထိ စစ်ရှိန်လျော့ကျသွားခြင်း မရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။
"ဇန်န၀ါရီလ ၄ ရက်နေ့ ညနေငါးနာရီနောက်ပိုင်းတော့ လဂျားယန်ဘက်မှာလက်နက်ကြီးပစ်ခတ်မှုတွေရှိ
တယ်။ရဟတ်ယာဉ်ကတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့က သူတို့သိမ်းလိုက်တဲ့ ပွိုင့် ၇၇၁ တောင်ကုန်းကို ဆင်း
သက်တာ သိရတယ်။ ပစ္စည်းအတင်အချ လုပ်သွားတာ ရှိတယ်လို့ သိရတယ်။ လဂျားယန်ဘက်ကို ပစ်ခတ်
သွားတာ မရှိဘူး။ ဒါပေမဲ့ ဒေါ့ဖုန်းယန်အထက်ဘက် KIAရှိတဲ့ပန်ဆွမ်စခန်းကိုတော့ပစ်ခတ်သွားတာရှိတယ်။
 ပန်ဝါဘက်မှာတော့ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၁၀နာရီကနေညနေ၅နာရီအထိတပ်မ၈၈ လက်အောက်
ခံ ခလရ ၇၇၊၁၀၊၁၃တပ်ရင်းတွေကထိုးစစ်ကိုတစ်နေကုန် တောက်လျှောက်လုပ်တယ်။ လေယာဉ်လာတာ
တော့သတင်းမရဘူး"ဟုဦးလနန်က ပြောသည်။
ယခုရက်ပိုင်းများအတွင်း လေယာဉ်ဖြင့် တိုက်ခိုက်မှု နည်းပါးသွားသော်လည်း မြေပြင်တိုက်ပွဲများ ဆက်ရှိနေ
သဖြင့် စစ်ရှိန်လျော့ကျပြီဟု မဆိုနိုင်ကြောင်း ဦးလနန်က ဆက်လက်ပြောကြားခဲ့သည်။
"လေယာဉ်နဲ့ လာတိုက်တာတော့ နည်းနည်းလျော့သွားတယ်။ ဒါပေမဲ့ မြေပြင်မှာရှိနေတဲ့ စစ်ကြောင်းတွေက
 ရှေ့ကို ဆက်တိုးနေတယ်။ မြေပြင်တိုက်ပွဲတွေက ရှိနေတုန်းပဲ။ စစ်ရှိန်လျော့တယ်လို့တော့ ပြောလို့မရသေးဘူး။ လက်နက်ကြီး ပစ်ခတ်မှုတွေက ရှိနေတုန်းပဲ" ဟု ဦးလနန်
က ပြောကြားခဲ့ပါသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တပ်မတော်ကြားတွင် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍အပစ်
အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လမှစ၍တိုက်ပွဲ
များ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာထိ တိုက်ပွဲပေါင်း အကြိမ် ၂၄၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၂ ဒီဇင်ဘာလနှောင်းပိုင်းတွင် တပ်မတော်မှ လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းရန် နယ်ပယ်အသီးသီးမှ ထင်ရှားသူများနှင့် ပြည်သူများက တောင်းဆိုခဲ့သည်။    ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်အရေအတွက်မှာ  ၁၆၀၀၀၀ အထိရှိလာခဲ့ကြောင်း သိရသည်။
Eleven Media Group
Leave a Reply
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings
You can add link or short description here