Sunday, January 6, 2013

ကချင်ပြည်နယ်အတွင်းစစ်ပွဲများရပ်စဲရေးနှင့် နိုင်ငံရေး တွေ့ဆုံပွဲများ ဖြစ်ပေါ်လာရေး နိုင်ငံတော် သမ္မတနှင့် KNU ဆွေးနွေး

0 comments

Photo: ကချင်ပြည်နယ်အတွင်းစစ်ပွဲများရပ်စဲရေးနှင့် နိုင်ငံရေး တွေ့ဆုံပွဲများ ဖြစ်ပေါ်လာရေး နိုင်ငံတော် သမ္မတနှင့် KNU ဆွေးနွေး

6.1.2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တွေ့ဆုံ
စဉ် ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံပွဲများ
 ဖြစ်ပေါ်လာရေး ဆွေးနွေးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး အတွင်း
ရေးမှူး (၂) ဖဒိုစောမန်းမန်းက ဇန်န၀ါရီလ ၅ ရက်က ပြောကြားခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင်များသည် နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် ဇန်န၀ါရီလ ၅ ရက် ညနေပိုင်းတွင်
 နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာစနစ် တောင်
သူပညာပေး ဧက ၅၀၀ စိုက်ခင်းရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးမှု
 ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယခုအကြိမ် တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်
သည်။        

KNU အဖွဲ့မှအတွင်းရေးမှူး (၂)ဖဒိုစောမန်းမန်းက"အဓိကကတော့ကချင်ပြည်
နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို အဖြေရှာဖို့ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ရယ်၊ KNU နဲ့ အပစ်အခတ် ရပ်စဲရေးကိုလည်း ခိုင်မာအောင် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်သွားဖို့၊ နောက်ကျွန်တော်တို့ဘက်က တင်ပြတာကတော့
 နိုင်ငံရေးအဆင့် ဆွေးနွေးမှုတွေအစပြုဖို့အတွက်ဆက်လက်ပြီးတော့ကြိုးပမ်း
သွားဖို့ဆိုတဲ့ အချက်တွေပါပဲ" ဟု Eleven Media Group သို့ ပြောပါသည်။

"ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားဘက်ကရော အစိုးရဘက်ကပါ
 နှစ်ဖက်လုံးမှာ တာဝန်ရှိတယ်ဆိုတာကို ကျွန်တော်တို့အားလုံး လက်ခံနိုင်ကြ
ပါတယ်။ နောက်တစ်ခုကတော့အချိန်ကာလတစ်ခုအထိကတော့ အစိုးရအနေ
နဲ့ပဲဖြစ်ဖြစ်၊ သမ္မတကြီးအနေနဲ့ပဲဖြစ်ဖြစ် စိတ်ရှည်သည်းခံဖို့ လိုပါမယ်။
 နှစ်ပေါင်းခြောက်ဆယ် ကာလထိ ဖြစ်နေတဲ့ ပြည်တွင်းစစ်ဟာ ချက်ချင်းပြေ
လည်နိုင်မှာ မဟုတ်သေးဘူး။ ကျွန်တော်တို့က နောက်တက်တဲ့အစိုးရနဲ့လည်း
ပဲ လက်ရှိရထားပြီးသား သဘောတူညီချက်တွေအပြင် နိုင်ငံရေးအရ တွေ့ဆုံ
ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်ဆိုတဲ့ သဘောထားကို
လည်း သမ္မတကြီးကို တင်ပြပြောဆိုခဲ့ပါတယ်" ဟု ဖဒိုစောမန်းမန်းက ဆက်
လက်ပြောကြားခဲ့ပါသည်။

KNU အဖွဲ့နှင့် အပစ်အခတ်ရပ်စဲပြီး နှစ်ဦးနှစ်ဖက် လိုလားချက်များ သဘော
တူလက်ခံနိုင်သည့် အချက်များကို ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကြိုး
ပမ်းနေပါကြောင်း၊  ငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက်ကြိုးစားဆောင်
ရွက်မည် ဖြစ်ပါကြောင်းဟု သမ္မတဦးသိန်းစိန်က KNU နှင့် တွေ့ဆုံဆွေးနွေး
ရာတွင် ပြောကြားခဲ့သည်။              

မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက
"KNUအဖွဲ့က အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီး
ချုပ်နဲ့ တွေ့ချင်တယ်ဆိုတဲ့အတွက် သမ္မတကြီးက စီစဉ်ပေးခဲ့တယ်။ ကချင်ပြည်နယ်အရေး KNUက ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုရင်လှိုက်လှိုက်
လှဲလှဲ ကြိုဆိုကြောင်း သမ္မတကြီးက သဘောထားမှတ်ချက် ပေးခဲ့ပါတယ်" ဟု ပြောပြခဲ့သည်။

တွေ့ဆုံနွေးနွေးမှုတွင်အစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စု
ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်ရီတို့ ပါဝင်ခဲ့ပြီး KNU
အဖွဲမှ  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ချုပ်
ဖဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး (၂) ဖဒိုစောမန်းမန်း၊ ဗဟိုကော်မတီဝင်
များ ဖြစ်ကြသည့် ဖဒိုစောရော်ဂျာခင်၊ ဖဒိုမန်းညိမ်းမောင်နှင့် ဖဒိုစောလှထွန်း
တို့ တက်ရောက်ခဲ့ကြသည်။
eleven
သမ္မတဦးသိန်းစိန်နှင့် KNU အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့အား
 တွေ့ရစဉ်
သမ္မတဦးသိန်းစိန်နှင့် KNU အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့အားတွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တွေ့ဆုံစဉ် ကချင်ပြည်နယ်အတွင်း 
စစ်ပွဲများ ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံပွဲများဖြစ်ပေါ်လာရေး ဆွေးနွေးခဲ့ကြောင်း ကရင်အမျိုးသား အစည်း
အရုံး အတွင်းရေးမှူး (၂) ဖဒိုစောမန်းမန်းက ဇန်န၀ါရီလ ၅ ရက်က ပြောကြားခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြား
ချက်ဖြင့် ဇန်န၀ါရီလ ၅ ရက် ညနေပိုင်းတွင်နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာ
စနစ် တောင်သူပညာပေး ဧက ၅၀၀ စိုက်ခင်းရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြခြင်းဖြစ်
ပြီး ယခုအကြိမ် တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။

KNU အဖွဲ့မှအတွင်းရေးမှူး (၂)ဖဒိုစောမန်းမန်းက"အဓိကကတော့ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ
ကို အဖြေရှာဖို့ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ရယ်၊ KNU နဲ့အပစ်အခတ် ရပ်စဲရေးကိုလည်းခိုင်မာအောင်တစ်ဆင့်
ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်သွားဖို့၊ နောက်ကျွန်တော်တို့ဘက်ကတင်ပြတာကတော့နိုင်ငံရေးအဆင့်
 ဆွေးနွေးမှုတွေအစပြုဖို့အတွက်ဆက်လက်ပြီးတော့ကြိုးပမ်းသွားဖို့ဆိုတဲ့ အချက်တွေပါပဲ" ဟု Eleven Media 
Group သို့ ပြောပါသည်။

"ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားဘက်ကရော အစိုးရဘက်ကပါနှစ်ဖက်လုံးမှာတာဝန်ရှိတယ်ဆို
တာကို ကျွန်တော်တို့အားလုံးလက်ခံနိုင်ကြပါတယ်။ နောက်တစ်ခုကတော့အချိန်ကာလတစ်ခုအထိကတော့
 အစိုးရအနေနဲ့ပဲဖြစ်ဖြစ်၊ သမ္မတကြီးအနေနဲ့ပဲဖြစ်ဖြစ် စိတ်ရှည်သည်းခံဖို့ လိုပါမယ်။နှစ်ပေါင်းခြောက်ဆယ် 
ကာလထိ ဖြစ်နေတဲ့ ပြည်တွင်းစစ်ဟာ ချက်ချင်းပြေလည်နိုင်မှာ မဟုတ်သေးဘူး။
 ကျွန်တော်တို့က နောက်တက်တဲ့အစိုးရနဲ့လည်းပဲလက်ရှိရထားပြီးသားသဘောတူညီချက်တွေအပြင် နိုင်ငံ
ရေးအရ တွေ့ဆုံဆွေးနွေးမှုတွေဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်ဆိုတဲ့သဘောထားကိုလည်းသမ္မတကြီး
ကို တင်ပြပြောဆိုခဲ့ပါတယ်" ဟု ဖဒိုစောမန်းမန်းက ဆက်လက်ပြောကြားခဲ့ပါသည်။

KNU အဖွဲ့နှင့် အပစ်အခတ်ရပ်စဲပြီး နှစ်ဦးနှစ်ဖက် လိုလားချက်များ သဘောတူလက်ခံနိုင်သည့်အချက်များ
ကို ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းနေပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက်ကြိုး
စားဆောင်ရွက်မည် ဖြစ်ပါကြောင်းဟု သမ္မတဦးသိန်းစိန်က KNU နှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့
သည်။

မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန(Myanmar Peace Center)မှအပစ်အခတ်ရပ်စဲရေးဆိုင်ရာညွှန်
ကြားရးမှူး ဒေါက်တာမင်းဇော်ဦးက"KNUအဖွဲ့က အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေး
ဦးစီးချုပ်နဲ့ တွေ့ချင်တယ်ဆိုတဲ့အတွက် သမ္မတကြီးက စီစဉ်ပေးခဲ့တယ်။ ကချင်ပြည်နယ်အရေး KNUက ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုရင်လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်းသမ္မတကြီးကသဘောထားမှတ်ချက် ပေး
ခဲ့ပါတယ်" ဟု ပြောပြခဲ့သည်။

တွေ့ဆုံနွေးနွေးမှုတွင်အစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ဦးစိုးသိန်း၊ ဦးခင်ရီတို့ ပါဝင်ခဲ့ပြီး KNUအဖွဲမှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေ
အတွင်းရေးမှူး ချုပ်ဖဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး (၂) ဖဒိုစောမန်းမန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြ
သည့် ဖဒိုစောရော်ဂျာခင်၊ ဖဒိုမန်းညိမ်းမောင်နှင့် ဖဒိုစောလှထွန်းတို့ တက်ရောက်ခဲ့ကြသည်။
eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here