Tuesday, January 8, 2013

ထိုင်းနိုင်ငံ၏ Mahagitsiri အုပ်စုမှ ရန်ကုန်ရှိ ဟိုတယ်တစ်ခုကို ကြယ်ငါးပွင့် ဟိုတယ်အဖြစ် အဆင့်မြှင့် ရင်းနှီးမြှုပ်နှံရန် စီစဉ်

0 comments
thn-7-1-1

ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ရထားသည့် ဟိုတယ်အပါအ၀င် စီးပွားရေး အဆောက်အဦ စီမံကိန်းကို
 တွေ့ရစဉ်(ဓါတ်ပုံ-အောင်ဇော်ထွန်း)
ထိုင်းနိုင်ငံ၏ လုပ်ငန်းစုကြီး တစ်ခုဖြစ်သော Mahagitsiri  အုပ်စုက ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုကို ကြယ်ငါးပွင့်ဟိုတယ်အဖြစ် အဆင့်မြှင့် တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်ဟု သိရသည်။

အဆိုပါလုပ်ငန်းစုကြီးကို မစ္စတာ Prayudh Mahagitsiri က ပိုင်ဆိုင်ပြီး ၎င်းသည် ထိုင်းနိုင်ငံ၏ ပထမဦးဆုံးသောစီမံကိန်းကြီးများစွာကိုအစပြုခဲ့သူဖြစ်သည်။
၎င်းသည် စီးပွားရေးအလားအလာ မြင့်မားသော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပုဂ္ဂလိက ငွေကြေးရန်ပုံငွေအဖွဲ့ PM Group ကိုလည်း ထူထောင်ထားသည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။

၎င်းတို့လုပ်ငန်းစုက ရန်ကုန်မြို့တွင် ဟိုတယ်တစ်ခုကို ၀ယ်ယူနိုင်ရန် စီစဉ်နေပြီး ၎င်းဟိုတယ်ကို ကြယ်ငါးပွင့်အဆင့် မြှင့်တင်ရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

၎င်းတို့အနေနှင့် သဘောတူညီချက်ကို ၂၀၁၄ ခုနှစ်တွင် အပြီးသတ် ချုပ်ဆိုနိုင်မည်ဟု မျှော်မှန်းထားပြီး ၂၀၁၄ နှစ်ကုန်တွင် အဆိုပါဟိုတယ်ကို လုပ်ငန်းစတင်နိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ 
 မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့အပြီးတွင် နိုင်ငံခြား ခရီးသွားဧည့်သည် 
လာရောက်မှုမှာ တိုးတက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်းက လာရောက်သော နိုင်ငံခြား ခရီးသွားဧည့်သည် တစ်သန်းကျော်အထိ ရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။
 ခရီးသွားဦးရေ မြင့်တက်လာမှုနှင့်အတူ ဟိုတယ်လိုအပ်ချက်မှာလည်း မြင့်မားလာခဲ့ပြီး  လက်ရှိအချိန်တွင် ဟိုတယ်အခန်းမရရှိမှု ပြသနာများနှင့် ရင်ဆိုင်နေရသည်ဟု ခရီးသွားလုပ်ငန်းအသိုင်း အ၀ိုင်းမှ သိရသည်။

'' မြန်မာနိုင်ငံမှာ မနှစ်က ဟိုတယ်အခန်းခတွေ သိသိသာသာ တက်သွားတာကို တွေ့ရပါ တယ်။ မနှစ်က အစောပိုင်းမှာ ကျွန်တော်တည်းခဲ့တဲ့ ကြယ်သုံးပွင့်ဟိုတယ်ဟာ အဲဒီအချိန်က တစ်ညကို ဒေါ်လာ ၈၀ ရှိတာက နေ နှစ်ကုန်ပိုင်းမှ ဒေါ်လာ ၂၀၀ အထိ မြင့်တက်သွားပါတယ်'' ဟု အဆိုပါလုပ်ငန်းစုမှ အမှုဆောင်ဖြစ်သူက ပြောကြားခဲ့သည်။

မြန်မာ့ဟိုတယ်နှင့် ခရီးလုပ်ငန်းတွင် ဈေးကွက်လိုအပ်ချက် မြင့်မားမှုကြောင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ဆွေးနွေးမှု ရှိခဲ့သည်ဟု သိရသည်။
 အဆိုပါနိုင်ငံများတွင် ဗီယက်နမ်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ လာအို၊ တရုတ်၊ ဟောင်ကောင်၊ ရုရှား၊ ဘယ်လာရုစ် စသည့် နိုင်ငံများမှ ပါဝင်ခဲ့သည်။

၎င်းတို့ထဲမှ ဗီယက်နမ်နိုင်ငံက ဟိုတယ်အပါအ၀င် စီးပွားရေး အဆောက်အဦ စီမံကိန်းကို ဒေါ်လာသန်း ၃၀၀ ဖြင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့် ရရှိထားသည်။
 လက်ရှိကာလအထိ မြန်မာနိုင်ငံတွင် ဟိုတယ် ၇၈၂ လုံး၊ အခန်းပေါင်း ၂၇၉၆၈ ခန်း ရှိသည့်အနက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဟိုတယ်နှင့် အဆင့်မြင့် ကာလရှည် တည်းခိုအိမ်ရာ ၂၁ လုံး အခန်း ၃၇၇၀ ပါဝင်သည်။
eleven media group


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here