Tuesday, January 8, 2013

တရားဝင်ကုန်သွယ်မှု ၇၀ % ခန့် တိုးမြင့်လာသည့် မြ၀တီကုန်သွယ်ရေးဇုန်

0 comments
 
တရားမ၀င်ကုန်သွယ်မှုတားဆီးရေးအဖွဲ့ဖြစ်သည့် Mobile Team အဖွဲ့၏ ဆောင်ရွက်မှုများကြောင့်
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် ယခု၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ဆန်းပိုင်းသာ ရှိသေးသော်လည်း
 မြ၀တီကုန်သွယ်ရေးဇုန်မှတရားဝင်ကုန်သွယ်မှုပမာဏမှာ ၇၀%ခန့် တိုးတက်လာကြောင်းစီးပွားရေး နှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
Mobile Team အဖွဲ့အနေဖြင့် မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်တွင် အဖွဲ့အမှတ်(၂)နှင့် မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် အဖွဲ့အမှတ်(၁)အား တာဝန်ချထားပေးကြောင်းနှင့် မူဆယ် မန္တလေးကုန်သွယ်ရေးဇုန်၌ နိုဝင်ဘာ(၂)ရက်နေ့မှ စတင်ထားရှိခဲ့ခြင်းဖြစ်ပြီး မြ၀တီကုန်သွယ်ရေး ဇုန်တွင် Mobile Teamအမှတ်နှစ်အဖွဲ့အား နိုဝင်ဘာ (၂၀) ရက်နေ့တွင် ထားရှိခဲ့သည်။
 
နိုင်ငံရဲ့စီးပွားရေးပမာဏအပေါ်လည်းမူတည်တာပေါ့နော် ကုန်ရောင်းကုန်ဝယ်တဲ့ပမာဏ အပေါ် မှာလည်း မူတည်တယ်၊ ကျွန်တော်တို့ရဲ့ စုစုပေါင်း trad ပမာဏက 80 ဘီလီယံပဲရှိတယ်ဆိုတော့ နိုင်ငံတကာနဲ့ စာရင် နည်းသေးတာပေါ့နော်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးခင်မောင်လေးက ပြောသည်။
 
ယခင်ဘဏ္ဍာရေးနှစ်အတွင်း၌ မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တို့၏ ကုန်သွယ်မှု ပမာဏမှာ ၂.၇၃၆ သာရှိခဲ့သော်လည်း ယခုဘဏ္ဍာရေးနှစ်တွင်မူ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၏ ကုန်သွယ်မှုပမာဏမှာ ၆၇.၂၈ရှိလာကြောင်း စီးပွားကူးသန်း၏ စာရင်းများအရ သိရသည်။
 
ထိုကဲ့သို့ မြ၀တီကုန်သွယ်ရေးဇုန်ဘက်မှ ကုန်သွယ်မှုပမာဏတိုးတက်လာသကဲ့သို့ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ဘက်မှလည်း ကုန်သွယ်မှုပမာဏသည် ၂၀၁၂ အောက်တိုဘာလထက် ပညာပေး ကာလဖြစ်သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့မှာ အောက်တိုဘာလထက် ၃၁.၅၄၅ ပိုများလာကာ ဒီဇင်ဘာလတွင် ၂၇၈.၆၈၄ ရှိခဲ့ခြင်းကြောင့် အောက်တိုဘာလထက် ၉၃.၈၈၄ ပိုများလာကြောင်း တွေ့ရသည်။
 
ကမ္ဘာပေါ်၌ ဒုတိယကင်ဆာအဖြစ်အများဆုံးဖြစ်သည့်နိုင်ငံဖြစ်နေရခြင်း အကြောင်း အရင်းအား စစ်ဆေးကြည့်ရာတွင် အစားအသောက်နှင့်လည်း သက်ဆိုင်နေသောကြောင့် တရုတ်ပြည်မှ တရားမ၀င်ခိုးသွင်းလာသော စားသောက်ကုန်ပစ္စည်းများမှာ စားသုံးသူများအတွက် အန္တရာယ် ရှိနေသောကြောင့်  Mobile Teamအဖွဲ့များနှင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ Mobile Team အနေဖြင့် ပညာပေးကာလအတွင်း၌ စားသုံး သူများအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ပျက်စီးလွယ်သော အသားစိုများဖြစ်သည့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကြက်သား၊ ဘဲသား၊ ကြက်အဆီဗူး၊အသားတု၊ ကြက်အူချောင်းများအား ၅ ကြိမ် မီးရှို့ခဲ့ပြီး ခန့်မှန်းတန်ဖိုးမှာ ၄၇၃၄၅၀၀ ကျပ်ဖြစ်သည်။ ထို့အပြင် စားသုံးရန် မသင့်သောမုန့်များနှင့် ကျင်းထုံခြင်ဆေးခွေများအား ဖျက်ဆီးရန် ကျန်ရှိနေသေးကြောင်းကိုလည်း သိရသည်။
 
ထိုကဲ့သို့ တရားမ၀င်ကုန်သွယ်မှုများအား တားဆီးနေသော်လည်း  ကုန်သည်များအနေဖြင့် တရားဝင်လိုင်စင်ပြုလုပ်ရာ၌ လွယ်ကူချောမွေ့စေရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
မြစ်မခ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here