Friday, January 25, 2013

RCSS/SSA တပ်ဖွဲ့ဝင်များ ဒေသခံရွာသားများကို ဖမ်းဆီးပြန်ပေးဆွဲ

0 comments
ဇန်န၀ါရီ(၂၅)



လွန်ခဲ့သည့် ဒီဇင်ဘာလမှစပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းစစ်တပ်မှ ဒေသခံရွာသားအချို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး ငွေသိန်းပေါင်းများစွာ တောင်းယူနေကြောင်း သိရှိရသည်။

ဒီဇင်ဘာာလ ၁၃ ရက်နေ့က ၀မ်ဆင်းကျေးရွာမှ ဒေါ်သင်းမေ ဆိုသူကို ရှမ်းစစ်တပ်က ဗိုလ်ကြီး ဆိုင်ဝမ့်၏အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားပြီး မိသားစုအများထံသို့ သိန်း ၃၀၀ တောင်းကြောင်း၊ မိသားစုများက မတက်နိုင်၍ ၂၇ သိန်းနဲ့ ဈေးဆစ်ပြီး ပေးမှ ပြန်လွှတ်ပေးကြောင်း၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ၀မ်ဆင်းရွာသား ဦးကျကျော်ကို နမ့်မောင်းရွာ အနောက် ဘက်တွင် ဖမ်းသွားကြောင်း၊ မိသားစုက သိန်း ၃၀ နဲ့ သွားရွေးမှ ပြန်လွှတ်ပေးကြောင်း၊ ဇန်န၀ါရီလ ၉ ရက်နေ့ကလည်း နမ့်စန်မြို့ နယ်၊ နမ့်မော်ခေါက်ဆင့်ရွာသား ဇော်ဝမ်းနဲ့ ၀င်းညွန့်နဲ့ ထွေလာဂျီကို သိန်း ၂၀၀ နဲ့ လာရွေးခိုင်းရာ သိန်း ၃၀ နှင့် ညှိနှိုင်းပြီးပေးမှ ပြန်လွှတ်လိုက်ကြောင်း သိရသည်။

“ဒါဟာ ပြန်ပေးဆွဲတာပဲဖြစ်တယ်၊ ကိုယ့်တိုင်းရင်းသားအချင်းချင်း လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေ တာပဲ၊ သူတို့ (ရှမ်း စစ်တပ်)က မဟုတ်တာလုပ်ပြီးရင် ဘယ်တော့ဝန်မခံဘူး၊ လုပ်တဲ့သူကိုလည်း အပေါ်က အရေးမယူဘူး။ သူတို့မလုပ် ကြောင်း၊ ဗမာစစ်တပ်က လုပ်တာဖြစ်ကြောင်း  ဗြောင်လိမ် တယ်၊ နမ့်မော်ခေါက်ဆင့် ကိစ္စဆိုရင် ကျားဖြူပါတီက လာစုံစမ်း တယ်၊ အဲဒီရွာမှာလည်း NLD ရှိတာပဲ၊ ဒီပါတီတွေကလည်း ပါးစပ်ပိတ်နေကြတယ်၊ ရှမ်းစစ်တပ်က မဟုတ်တာတွေ လုပ်နေတာ ဘာမှ မပြောကြဘူး။ ဗမာစစ်တပ်က တစ်ခုခုလုပ်ရင် ၀ိုင်းအော်ကြပြီး၊ အခုလိုပြန်ပေးဆွဲနေတာ ဗမာစစ်တပ်ကလည်း ထိထိရောက်ရောက် မကာကွယ်ပေးဘူး၊ ရွာသားတွေကတော့ နေရပ်စွန့်ပြီး ထွက်ပြေးကြဖို့ပဲရှိတယ်” ဟု နမ့်စန်မြို့က ဒေသခံတစ်ဦးက ဆိုသည်။

ရှမ်းစစ်တပ်သည် ဗမာအစိုးရနှင့် အပစ်ရပ်ပြီးသော်လည်း ဆန္ဒမပါဘဲ စစ်သားလုပ်ခိုင်းခြင်း၊ အခွန်/ရိက္ခာကောက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း စသည်တို့ကို ဆက်လက်ကျူးလွန်နေပါသည်။ ဒါကြောင့် အချို့ သောအတွင်းပိုင်းကျေးရွာများမှ ဒေသခံများမှာ လုံခြုံမှုရှိတဲ့နေရာသို့ ရွာအလိုက် ရွှေ့ပြောင်းရန်စီစဉ်နေကြကြောင်း သိရှိ ရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here