Monday, February 4, 2013

(၆၆)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ကို ရှမ်းပြည်နယ်နှင့် ရန်ကုန်တွင် ကျင်းပမည်

0 comments
ဖေဖော်ဝါရီ(၄)

 
 (၆၅)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ဓာတ်ပုံ

(၆၆)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ရန်ကုန်မြို့နှင့် ရှမ်းပြည်နယ်ရှိ မြို့ကြီးများတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 
ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ကျင်းပမည့် ရှမ်းပြည်နယ်နေ့ပွဲကို ရှမ်းတိုင်းရင်းသား တို့၏ နောက်ခံသမိုင်းကြောင်းများ၊ ဓာတ်ပုံများ၊ ရှမ်းပြည်ကိုယ်စားပြု ပြည်တွင်းအဖွဲ့(၁၃)ဖွဲ့မှ ယဉ်ကျေးမှု အကဖြင့် ဖျော်ဖြေခြင်း၊ ပင်လုံစာချုပ်အကြောင်းနှင့် စည်းလုံးညီညွတ်စွာ လွတ်လပ်ရေး ရယူနိုင်ခဲ့သည့် သရုပ်ပြများအပြင် ခေတ်ပေါ် ရှမ်းတိုင်းရင်းသားအဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ Black Hole၊ အစိုင်း နှင့် သအိုတို့မှလည်း လာရောက် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ နမ့်ခမ်းမြို့၊ မိုင်းကိုင်မြို့၊ လင်းခေးမြို့များနှင့် အခြားရှမ်းပြည်နယ်ရှိ မြို့ရွာ များတွင် ရှမ်းပြည်ယ်နေ့ကို စည်ကားစွာ ကျင်းပသွားမည်ဖြစ်ပြီး ရှမ်းရိုးရာ အဆို၊ အကများ၊ တိုးနယား အကများ၊ ကိန္နရီအကများဖြင့် ဖျော်ဖြေခြင်း၊ ဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးခြင်း၊ အားကစား ပြိုင်ပွဲများ ပြုလုပ် ကျင်းပပေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားကြမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here