ပင်းတယမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ပုန်းတလုတ်ရေကန်
ရှမ်းပြည်နယ်(တောင်ပိုင်း)
ပင်းတယမြို့၊ ပုန်းတလုတ်ရေကန်၏ ရေချိုးဆိပ်တွင် ဖေဖော်ဝါရီလ (၃) ရက် နေ့ ညနေပိုင်းတွင်
အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့၊
ရှမ်းရပ်ကွက်နေသူ မင်းနောင်၊ အသက်(၃၃)နှစ် သည် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် အရက်သေစာသောက်စားထားလျက်
ပုန်းတလုတ်ရေကန်၏ ရေချိုးဆိပ်တွင် ရေချိုးရာမှ ရေနစ်သေဆုံး ခဲ့သည်။ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်ပြည်သူ
အင်အား ၁၅ ဦးခန့်မှ ၀ိုင်းဝန်းရှာဖွေခဲ့ရာ (၂) နာရီအကြာတွင် အလောင်း အား တွေ့ရှိခဲ့သည်။
သေဆုံးသူအား ပင်းတယမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မြို့နယ် ရဲစခန်းမှ အမှုဖွင့်
အရေးယူထားကြောင်း သိရှိရသည်။
အဆိုပါ
ပုန်းတလုတ် ရေကန်ဆိုသည်မှာ သုဓနုမင်းသားနှင့် ဒွေးမယ်နော် ဇာတ်လမ်းစတင်ရာ ရေ ကန် ဖြစ်ပြီး
ရွှေဥမင်လှိုဏ်ခေါင်းနဲ့ ဘုရားများရှေ့တွင် တည်ရှိခြင်းဖြစ်ပါသည်။ ပင်းတယမြို့သူ/သား တို့
မြတ်နိုးတန်ဖိုးထားသော သမိုင်းဝင် ရေကန်တစ်ခု ဖြစ်သည့်အတွက် ယခုကဲ့သို့ အရက်သေစာသောက် စားပြီး
ရေနစ်သေဆုံးခြင်းမျိုး မဖြစ်အောင် ဒေသခံများအနေဖြင့် ၀ိုင်းဝန်းထိန်းသိမ်းသွားကြဖို့လိုကြောင်း
ဘုရားဖူးတစ်ဦးမှ ပြောကြား သွားခဲ့ပါသည်။