Wednesday, February 20, 2013

ပန်းတိုင်းမွှေးရမည်

0 comments

လူတိုင်းတွင် မွေးရာပါ ကိုယ်စီအစွမ်းအားများ ရှိကြသလို ပန်းတိုင်းတွင်လည်း ကိုယ်စီပန်းရနံ့များ ရှိကြပါသည်။

မစုပုံချစ်၏မွေးရာပါလက်နှစ်ဖက်မှာ မသန်စွမ်းဖြစ်ခဲ့ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူ တစ်ဦးဖြစ်နေပေမဲ့ မစုပုံချစ်သည် စိတ်ဓာတ်မကျ၊ ဘ၀ကိုအရှုံးမပေးဘဲ စာပေပညာများကိုလေ့လာ သင်ယူခဲ့သူ ဖြစ်သည်။ ယနေ့ လူငယ်တို့ အတုယူစံထားလောက်သူ တယောက်ဖြစ်သည်။

မစုပုံချစ်ကို ၁၉၈၉ ခုနှစ် နိုဝင်္ဘာလ ၅ ရက်နေ့တွင် အဖအမည် ဒေါက်တာအုန်းကျော် (တိမွေးကုဆရာဝန်)    ဒေါ်ခင်ဆွေလဲ့ တို့မှမွေးဖွားလာခဲ့သည်။

မစုပုံချစ်သည် တက္ကသိုလ်ဝင်တန်းကို ၂၀၀၅ နှစ်တွင် အ .ထ .က (၃) လှိုင်သာယာ မြို့နယ်မှ  ဂုဏ်ထူးလေးဘာသာဖြင့် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေ စသည့် အမှတ်ပေါင်း   -   ၄၇၉ မှတ်ဖြင့် အောင်မြင်ခဲ့ပြီး သတင်းနှင့် နည်းပညာအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ကာ လက်ရှိတွင် သတင်းနှင့် နည်းပညာအင်ဂျင်နီယာ မဟာဘွဲ့သင်တန်းကို တက်ရောက်ခဲ့သော ကျောင်းသူတစ်ဦးဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင်
ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)မှ
 B.Tech(IT)ဘွဲ့ ကိုရရှိခဲ့သည်။

မစုပုံချစ်သည် လက်ရှိအချိန်တွင် B.E(IT)ဘွဲ့ကိုပင် ဆက်လက်တက်ရောက်သင်ယူလျက်ရှိပြီး တစ်ဖက်၌ မိမိကဲ့သို့ ကိုယ်အင်္ဂါမသန်စွမ်းသူများဖြင့် ဖွဲ့စည်းထားသည့် 
မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်း အဖွဲ့တွင်လည်း
အလုပ်အမှုဆောင်အဖြစ် မသန်စွမ်းသူများ အရေးကိစ္စများအတွက် 
တာဝန်ထမ်းဆောင် လျက်ရှိသည်။

သူမအနေဖြင့်တက္ကသိုလ်ပညာအပြင် ရှင်းပိုးဂျပန်သင်တန်းကျောင်း၌ ဂျပန်စာတက်ရောက် သင်ကြားခဲ့ပြီး ဂျပန်သံရုံးမှစစ်ဆေးသည့် JLPT စာမေးပွဲကို Level ၃ အထိအောင်မြင်ခဲ့သူဖြစ်သည်။ တက္ကသိုလ် ကျောင်း
တက်ရမှုနှင့် ပတ်သက်၍ "ကျောင်းကကျယ်ပြီး ကိုယ်ကလမ်းမလျှောက်နိုင်တော့ အခက်အခဲတွေ
အများကြီးရှိခဲ့တယ်။ သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ကျောင်းက ၀န်ထမ်းတွေက
   ကျောင်းထိပ်မှာ    စက်ဘီးနဲ့ လာကြို
ပေးကြတယ်။ မသန်စွမ်းတွေက သာမန်လူတွေနဲ့ မတူဘဲ သွားလာရေး အရမ်းခက်ခဲပါတယ်"ဟု မစုပုံချစ်က ပြောကြားခဲ့သည်။

ထို့အပြင် Association for Aid and Relife-JAPAN(AAR)၊ မသန်စွမ်းသက်ကြီးကျောင်း၊ မအဖ (ရန်ကုန်)ကျောင်း များရှိ မသန်စွမ်းသူများကို သူမ၏ဘ၀ဇာတ်ကြောင်းများနှင့် ကြိုးစားခဲ့ရပုံအကြောင်းကို အခါအား လျော်စွာ
သွားရောက်ပြောကြား၍ မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ 
မြှင့်တင်ပေးခြင်း များလည်း ပြုလုပ်ပေးလျက်ရှိသူဖြစ်သည်။

လက်ရှိအချိန်တွင် မစုပုံချစ်သည် ငါးထပ်ကြီးဘုရားလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၀န်းအတွင်းရှိ တိုက်(အေ)၊ အခန်း(၂၀၃)တွင် နေထိုင်၍ BE(IT) ဘွဲ့ရယူရန် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)
၌ ပညာဆက်လက်သင်ကြားလျက်ရှိပြီး မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းအသင်းနှင့် အတူ
မသန်စွမ်းသူများ၏ အရေးကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မစုပုံချစ်၏ ဘ၀ကိုအရှုံးမပေးဘဲ  မလျှော့သောဇွဲဖြင့် ကြိုးစားအားထုတ်မှုကြောင့် စိတ်ဓာတ်ကြံ့ခိုင် ထူးချွန်ဆု (၂၀၀၁ခုနှစ် မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား)၊ အထင်ပေါ်ဆုံး ကျောင်းသူဆု (၂၀၀၁ခုနှစ်၊ မြန်မာ့သွင်ပြင် အိုင်တီလူငယ့်အမြင်ပြပွဲ)၊ ဆယ်စုနှစ်ထူးချွန်ဆု ကျောင်းသူ (၂၀၀၄ခုနှစ်)၊ ဌာနဆိုင်ရာ မသန်စွမ်းထူးချွန်ဆု (၂၀၀၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့)၊ ပထမတန်းမှ တက္ကသိုလ်ဝင်တန်း အထိ အတန်းစဉ် ဆုပေါင်း ၅၀ ကျော် မသန်စွမ်းကျောင်းသူ မစုပုံချစ် သြစတြေးလျ တက္ကသိုလ် ပညာသင်ဆုရရှိ  Wednesday,   February 20, 2013 မသန်စွမ်းအမျိုးသမီးငယ် တစ်ဦးဖြစ်သည့်မစုပုံချစ်သည် သြစတြေးလျ နိုင်ငံတွင် မဟာတန်းတက်ရောက်ရန် ပညာသင်ဆု ရရှိသည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်   ဖြစ်ကြောင်း သတင်းရရှိသည်။

မွေးရာပါ လက်နှစ်ဖက် မသန်စွမ်းဖြစ်ခဲ့သည့်အတွက် ခြေထောက်ဖြင့် စာရေးခဲ့သည့် မစုပုံချစ်အား ငယ်စဉ်ကပင် နိုင်ငံပိုင်မီဒီယာနှင့် ပုဂ္ဂလိကမီဒီယာများမှတစ်ဆင့် အများပြည်သူ ရင်းနှီးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် ပြည်ပတက္ကသိုလ်တွင် ပထမဆုံးပညာသင်ဆုရရှိသည့် ပထမဆုံးသော မသန်စွမ်းတစ်ဦး   ဖြစ်ကြောင်း မစုပုံချစ်က ဂုဏ်ယူစွာပြောပြသည်။

“မြန်မာနိုင်ငံမှာ ဥပဒေတွေ၊ အခွင့်အရေးတွေ အရေးပါလာပြီ။ အဲဒီတော့ မသန်စွမ်းတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေအတွက် ဦးဆောင်ပေးချင်လို့ အခုလို ကျောင်းသွားတက်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်”ဟု
ပြည်ပမထွက်ခွာမီ တစ်ရက်အလိုတွင် ၎င်းကပြောကြားသည်။

သူမ သွားရောက်ပညာသင်မည့် တက္ကသိုလ်မှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ New South Wales တက္ကသိုလ်ဖြစ်ပြီး Master of Policy Studies ကို ၁၈ လကြာ တက်ရောက်သင်ကြားမည်ဖြစ်သည်။

ယင်းကဲ့သို့ ပညာသင်ဆုရရှိရန် နှစ်နှစ်ဆက်တိုက် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်တွင်မှ   ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ တက်လက်စကျောင်းကို ရပ်နားခွင့်တင်ပြီး ပညာတော်သင် သွားမည်ဖြစ်ကာ ပြည်ပမှ   ပြန်လည်ရောက်ရှိ  မှသာ နည်းပညာမဟာဘွဲ့သင်တန်းကို ဆက်လက်  တက်ရောက်မည်ဖြစ်သည်။

မစုပုံချစ်ကပဲ ဘ၀သူများအတွက် အခုလိုပြောဆိုခဲ့ပါတယ် အဓိက ကတော့ မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ ဥပဒေတစ်ရပ် အသက်ဝင်လာအောင် လုပ်သင့်တယ် လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံတွေမှာ မသန်စွမ်း သူတွေနဲ့ပတ်သက်လို့ ဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း လိုက်နာကြရတယ်။ ဥပဒေသာ တကယ် အသက်ဝင်လာမယ်ဆိုရင် မသန်စွမ်းသူတွေအတွက် အကျိုးအများကြီးဖြစ်နိုင်ပါတယ်။ ဟုပြောဆိုခဲ့ပါသည်။

လူတိုင်းတွင် ကိုယ်စီစွမ်းအားများ ရှိကြသည် ကိုယ်စီစွမ်းအားကို  ကိုယ်တိုင်အသုံးချမှ လူဘ၀ကြီးလည်း လှပပေမည်  စုပုံချစ်လို စိတ်ဓါတ်မျိုးသည် ယနေ့မြန်မာ့လူငယ်များအဖို့ ပန်းတိုင်းမွှေးရမည် ဟူသောသဘောကို လက်တွေ့ပြခဲ့ပါသည်။
သျှမ်းနီလူငယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here