ဖေဖော်ဝါရီ(၂၇)
မြန်မာနိုင်ငံရှိအဝေးပြေးကားလမ်းမများတွင်ယာဉ်မတော်တဆဖြစ်ပွားပါကအမြန်ဆုံးကူညီပေးနိုင်ရန်အ တွက် စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်းမှငွေကျပ်သိန်း(၂၀၀)တန်ဖိုးရှိ အဆောက်အဦးနှင့် ငွေကျပ် သိန်း (၃၀၀)တန်ဖိုးရှိ ပစ္စည်းကိရိယာ အပြည့်အစုံပါဝင်သော လူနာတင်ယာဉ်တစ်စီးကိုထောက်ပံ့ လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
“ နှစ်ဦးသဘောတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ် ၊ လှူဒါန်းမှုကတော့ ဒါ ပထမဆုံး ပါ ၊ အမြန်လမ်းမပေါ်မှာ ကားမတော်တဆမှုတွေ အရမ်းများပြားနေတာကြောင့်ပါ ၊ အမြန်လမ်းမတွေပေါ်မှာ ကိုယ်ချစ်ရတဲ့ လူတွေကို ဆုံးရှုံးသွားရင် အရမ်း ၀မ်းနည်းကြေကွဲစရာ ကောင်းပါတယ် ၊ ရှေးဦးပြုစုခြင်းစခန်း တည်ဆောက်ရာမှာ စင်ကာပူ ၊မြန်မာ ၊ ကမ္ဘာ့ ကြက်ခြေနီ အသင်းတို့ ပါဝင်ပါတယ် ” ဟု စင်ကာပူကြက်ခြေနီ အသင်း မှ Col.lim Theam Poh ( Director Operation and Head Services ) က
ပြောသည်။
ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်
တဆမှု ဖြစ်ပွားပါက အကူအညီ ရရှိမှု နှောင့်နှေး ကြန့်ကြာခြင်း ၊ ရှေးဦး
သူနာပြုစုခြင်းတို့ကို အမြန်ဆုံးကူညီ ဆောင်ရွက်နိုင်ရန် တောင်ငူခရိုင် ၊ ဖြူးမြို့နယ် (၁၁၅) မိုင်ရှိ ယာဉ်ရပ်နားစခန်းအနီး၌ ရှေးဦးပြုစုခြင်းစခန်း
အဆောက်အဦးနှင့် လူနာတင်ယာဉ်အား စင်ကာပူကြက်ခြေနီအသင်းမှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ လှူဒါန်းပွဲကို ဖေဖော်ဝါရီလ (၂၅)ရက် နံနက်(၁၀)နာရီဝန်းကျင်တွင်
ဖြူးမြို့နယ် (၁၁၅)မိုင်ရှိ ရှေးဦးပြုစုခြင်း စခန်းအသစ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်
သည်။
စင်ကာပူကြက်ခြေနီအသင်းမှသူနာတင်ယာဉ်မောင်းအပါအ၀င်ဝန်ထမ်း(၄)
ဦးကို ခန့်အပ်နိုင်ရေး တစ်နှစ်စာ ငွေကျပ်သိန်း (၄၀)ကျော်ကိုလည်း
ထောက်ပံ့ပေးရန် အစီအစဉ်ရှိသည်ဟု စင်ကာပူကြက်ခြေနီအသင်း မှ Col.lim Theam Poh ( Director Operation and Head Services ) က ဆိုသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမ တစ်လျှောက်တွင် ၂၀၁၁ခုနှစ် နိုဝင်ဘာလ
ဆန်းပိုင်းမှစ၍ ၂၀၁၃ခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းအထိ တစ်နှစ်နှင့်သုံးလ
အတွင်းတွင် ယာဉ်မတော်တဆမှုပေါင်း (၁၄၁) ကြိမ်ဖြစ်ပွားခဲ့ကာ သေဆုံးသူ (၁၇)ဦးရှိခဲ့ပြီး ဒဏ်ရာရ ခဲ့ခြင်းမျိုးရှိသော်လည်း အချိန်မီ ဆေးရုံဆေးခန်းသို့ မတက်ရောက်နိုင်ခြင်းကြောင့် အသက်ကယ်တင်နိုင်ရန်အတွက် ရှေးဦးပြု
စုခြင်းလုပ်ငန်းများ အရေးတကြီးလိုအပ်လျက်ရှိခဲ့ကြောင်း သိရှိရသည်။
ယာဉ်မတော်တဆ တိမ်းမှောက်မှုများကြောင့် ခရီးသွားပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရ ၊ သေဆုံးမှုများ ကြုံတွေ့ နေကြရပြီး ထိခိုက်ဒဏ်ရာရ ရှိသူများအား အချိန်မှီ သွားရောက်ပြုစုခြင်း ၊ နီးစပ်ရာဆေးရုံ ၊ ဆေးခန်းများ သို့ ပို့ဆောင်ပေးခြင်း ၊ အသက် ကယ်တင်နိုင်ဖို့ ရှေးဦးပြုစုခြင်းလုပ်ငန်း
များမှာ အရေးတကြီးလိုအပ်နေကြောင်းသိရသည်။
“၁နှစ် နဲ့ ၃လ အတွင်းမှာ ယာဉ်မတော်တဆမှု ပေါင်း (၁၄၁) ကြိမ် ဖြစ်ပွား
ခဲ့တယ်။ သေဆုံးသူ (၁၇)ဦး ရှိပြီး ဒဏ်ရာရ သူတွေရှိခဲ့တယ် သူတို့ကို
ရှေးဦးပြုစုပေးတယ် ၊ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို ပို့ဆောင်ပေး တာ
တွေလုပ်ခဲ့ပါတယ် ” ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူ
တစ်ဦးမှပြောသည်။
ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းမပေါ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း
(၇)မှ တာဝန်ရှိသူများ အနေဖြင့် မြန်မာ ကြက်ခြေနီအသင်းနှင့် ပူးပေါင်းကာ ယာဉ်မတော်တဆမှု အပါအ၀င် အခြားအမှုအခင်း အတွက် ဆောင်ရွက်
နေကြောင်း သိရသည်။
“ဒီအမြန်လမ်းပေါ်မှာ အက်ဆီးဒင့် တစ်ခုပဲဖြစ်ဖြစ် ၊ အမှုအခင်းတစ်ခုပဲ
ဖြစ်ဖြစ် ၊ သက်ဆိုင်ရာ ရဲစခန်း ဒါမှမဟုတ် ကြက်ခြေနီ အသင်းကိုပဲ ဖြစ်ဖြစ် လှမ်းပြီး ပို့ရင် ကြက်ခြေနီ အသင်းနဲ့ ရဲဌာန တို့ ပူးပေါင်းပြီး အခင်းဖြစ်
တဲ့နေရာကို သွားတယ် ၊ သေဆုံးသူ ဒဏ်ရာရသူ တွေကို အချိန်မှီ ကုသ ဆောင်ရွက်နိုင်ဖို့အတွက် သူနာတင်ယာဉ်နဲ့ သက်ဆိုင်ရာဆေးရုံတွေ
ကို အမြန်ဆုံးပို့ပါတယ်၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင်အခင်းဖြစ် ကားတွေကို လမ်းကြောပေါ်က အမြန်ဆုံးရှင်းလင်းပါတယ် ၊ ယာဉ်မောင်းတွေ
ကိုလည်း ဥပဒေအရအမှုဖွင့် အရေးယူမှုတွေ လုပ်သွားပါတယ် ” ဟု တောင်ငူ
ခရိုင် ရဲမှုးက ပြောသည်။
မြန်မာနိုင်ငံကြက်ခြေနီ အသင်း အနေဖြင့် ရန်ကုန်-မန္တလေး အဝေးပြေး
လမ်းမပေါ်ရှိ (၂၈၅) မိုင် နားနေစခန်း အနီးတွင်လည်း ရှေးဦးပြုစုခြင်း
စခန်းကို ထပ်မံဆောက်လုပ်ပေးရန် စီစဉ်လျက်ရှိပြီး အမြန်လမ်းမ တစ်လျှောက် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက ရှေးဦးပြုစုခြင်းစခန်း (ဖုန်းနံပါတ် ၀၉-၄၉၃၄၁၉၆၁ ) သို့ ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်း သိရသည် ။
Myit Makha Mediagroup